အေဘီ-အေ (၆၅%)
ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။ စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့ စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့ အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့ အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။
အေဘီ-ဘီ (၉၀%)
အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့ စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများက အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။ ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့ အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။
အေဘီ-အို (၃၀%)
အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။ အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့ တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။
အေဘီ-အေဘီ (၉၀%)
အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့ သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့ အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
အို-အေ (၁၀၀%)
အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့် မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့ စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။
အို-အို (၄၀%)
အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။
အို-အေဘီ (၉၅%)
အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။
ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်း ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။
ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီး လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊ လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့ စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။ ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။ ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်း စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။
ဘီ-အို (၈၀%)
တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့ အိုသွေးမိန်းကလေးများရဲ့ လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်း ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက် ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။
ဘီ-အေဘီ (၉၀%)
ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက် ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့ အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။
အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့ ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။
အေ-အေ (၇၀%)
အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့ နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။
အေ-ဘီ (၂၅%)
အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။
အေ-အို (၉၀%)
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး သင့်တော်ပါတယ်တဲ့။
အေ-အေဘီ (၅၀%)
အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက် ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။
ယောင်္ကျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသောမိန်းမများ
၁. အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ
၂. မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ
၃. ဆေးလိပ်သောက်တတ်သောမိန်းကလေးများ
၎. သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ
၅. သူ့ပိုက်ဆံအကုန်သက်သာအောင် အနားကို အတင်းကပ်နေတတ်သော မိန်းကလေးများ
၆. အစစ်အမှန်ဆိုတာကို သူ့ရဲ့ ကိုယ်မှာ ရှာလို့ မတွေ့နိုင်သော မိန်းကလေးများ
၇. အမြဲတမ်း အလွဲလွဲ အချော်ချော်များကိုဘဲ လုပ်နေတတ်သော မိန်းကလေးများ
၈. အဆဲအဆို သန်သော မိန်းကလေးများ
၉. လုံးဝကို ပြင်ပြင်ဆင်ဆင် မနေတတ်သော မိန်းကလေးများ
၁၀. သူဟာသာ တလောကလုံးမှာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်တတ်ကြသော မိန်းကလေးများ
၁၁. ယောင်္ကျားတစ်ယောက်ကို အရာဝထ္ထု တစ်ခုလို သဘောထားတတ်ကြသောမိန်းကလေးများ
မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ
၁. သဘောထား သေးသိမ်သော ယောင်္ကျားများ
၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ
၃. အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောင်္ကျားများ
၎. ကတ်စီး အရမ်းနည်းတတ်သော ယောင်္ကျားများ
၅. သူတပါးအတွက် စဉ်းစားပေးလေ့ မရှိဘဲ ကိုယ့်အကြောင်းကိုဘဲ ကြည့်တတ်သော တကိုယ်ကောင်းဆန်သော ယောင်္ကျားများ
၆. ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင် လုပ်မပေးတတ်သော ယောင်္ကျားများ
၇. စကားအလွန်များသော ယောင်္ကျားများ
ဂ. ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပြီး မသုံးတတ် မစွဲတတ်သော ယောင်္ကျားများ
၉. သူငယ်ချင်းများကို ဆဲဆိုနေတတ်သော ယောင်္ကျားများ
၁၀. အပြောင်းအလဲ မြန်ဆန်သော ယောင်္ကျားများ
၁၁. နှာဘူးကျလွန်းပြီး အသားအရမ်းယူတတ်သော ယောင်္ကျားများ
၎.
၅.
၆.
၇.
၈.
၉.
၁၀.
၁၁.
၁၂.
နိုင်ငံတိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှု သဘာဝတွေရှိတာကြောင့် ယခု ဖော်ပြပေးလိုက်တဲ့ ခြေဟန်လက်ဟန်တွေရဲ့ ဆိုလိုချက်တွေဟာ တသွေမတိမ်း မတူညီတဲ့ အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိဘို့ လူတွေကို အကဲခတ်တဲ့ နေရာမှာတော့ အနည်းနဲ့ အများ အထောက်အကူ ပေးမယ်လို့ ထင်မြင်မိတဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ် ကိစ္စ တစ်ခုကတော့ ကျွန်မရဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။ ကျွန်မနဲ့ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းဟာလည်း အထက်ပါ မိန်းကလေးလိုဘဲ ကျွန်မတို့ စကားကို နားမလည်တဲ့ ကိုရီးယားလူမျိုးများကို နောက်ပြောင်လေ့ရှိပါတယ်။ အထူးသဖြင့် ကျွန်မသူငယ်ချင်းပေါ့။ ကျွန်မသူငယ်ချင်းက အစကတည်းက အနောက်အပြောင်သန်သူမို့ ကိုရီးယားလူမျိုးများကို သူတို့မသိတဲ့ မြန်မာစကားနဲ့ နောက်ပြောင်ရတာကို နှစ်ခြိုက်သူပါ။ ကျွန်မကတော့ အစကတည်းက စနောက်တာကို သိပ် မနှစ်သက်လို့ စနောက်လေ့မရှိပါဘူး။ ကျွန်မသူငယ်ချင်းကတော့ Taxi စီးရင်းလည်း Taxi Driver ကို စတယ်။ ဈေးဝယ်ရင် ဈေးသယ်ကို စတယ်။ ဒီလိုစတတ်တဲ့ အကျင့်က ကျွန်မဆီကိုလည်း အနည်းငယ်တော့ ကူးစက်လာပါတယ်။ ဒီလိုနဲ့ သိပ်မကြာသေးခင်က ကျွန်မတို့ နှစ်ယောက် မြန်မာပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကို သွားခဲ့ပါတယ်။ ကျွန်မကတော့ သုံးကြိမ်မြောက် သွားခြင်းမို့ အဲဒီ့ဆိုင်က ဆိုင်ပိုင်ရှင်နဲ့ လူတချို့ကို သိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ သူငယ်ချင်းကတော့ ခုမှ ဦးဆုံးမို့ ဘယ်သူက ဆိုင်ရှင်ဆိုတာတောင် မသိဘူးလေ။ အဲဒီ ဆိုင်ရှင်ဦးလေးက ဖြူဖြူ၀၀တုတ်တုတ်နဲ့ ကိုရီးယား တစ်ယောက်နဲ့ တော်တော်တူပါတယ်။ အဲဒီ ဦးလေးကြီးက ဒီဆိုင်ရှင်ဖြစ်ကြောင်း ကျွန်မသူငယ်ချင်းကို အရမ်းပြောပြချင်ခဲ့ပါတယ်။ ဒါကြောင့် ဆိုင်ရှင်ဦးလေးကြီး ဆိုင်ထဲကို ၀င်လာခိုက်မှာ ကျွန်မက သူငယ်ချင်းကို သတိလက်လွတ်နဲ့ ပြောလိုက်မိပါတယ်။ " ဟဲ့... ခုဝင်လာတဲ့ ဦးလေးကြီးက ဆိုင်ရှင်ပေါ့ " လို့ ပြောလိုက်မိပါတယ်။ ကျွန်မသူငယ်ချင်းကတော့ ကျွန်မကို ဘာစကားမှ ပြန်မပြောဘဲ မျက်လုံးအပြူးသားနဲ့ ကြည့်နေခဲ့ပါတယ်။ ကျွန်မကတော့ သူသေချာ နားမလည်သောကြောင့် ကြောင်ကြည့်နေတယ် အထင်နှင့် ဆိုင်ထဲသို့ ၀င်လာတဲ့ ဆိုင်ရှင်ဦးလေးကြီးကို လှမ်းကြည့်လိုက်တော့ တစ်ချိန်ထဲမှာ ဦးလေးကြီးနှင့် အတူ ၀င်လာတဲ့ လူအချို့ကိုလည်း လှမ်းမြင်လိုက်ရပါတယ်။ ဒီတော့ ကျွန်မသူငယ်ချင်း ကျွန်မကို ပြူးကြည့်နေတာ ဒါကြောင့်ဘဲနေမှာဟု ထင်ကာ နောက်ဆက်တွဲ စကားဖြင့် ဆိုင်ရှင်ဦးလေးကြီး ဘယ်သူဖြစ်ကြောင်းကို ရှင်းပြလိုက်ပါတယ်။ " အဲဒီ ၀တုတ်ကြီးပေါ့ " ဟူ၍ ...... အဲဒီ့ စကားပြောပြီးမှ ကျွန်မ အသိထဲ ၀င်လာတာ တစ်ခုကတော့ ဟိုက်... မြန်မာဆိုင်ပါလား!!! ကျွန်မ ချက်ချင်း ကျွန်မသူငယ်ချင်းကို လှမ်းကြည့်လိုက်မိတော့ သူက ကျွန်မကို အံ့သြောကြီးစွာ ငေးကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာကို တွေ့ရပါတယ်။ ကျွန်မ တချိန်တည်းမှာဘဲ ဆိုင်ရှင်ဦးလေးကြီးကို လှမ်းကြည့်လိုက်ပါတယ်။ ဦးလေးကြီးကို ကြည့်ရတာတော့ သိဟန်မပေါ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဘေးမှာ ငွေရှင်းပေးနေတဲ့ အကိုကြီးကတော့ ကောင်းကောင်းရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်မှာ အသေအချာပါဘဲ။ ကျွန်မလည်း အားနာလွန်းလို့ မျက်နှာကို ဘယ်ထားရမှန်းတောင် မသိပါဘူး။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် အမြဲ အတင်းတုတ်နေကျမို့ မြန်မာဆိုင်ဆိုတဲ့ အသိပျောက်ပြီး သတိလက်လွတ် ပြောမိတာပါ။ ကျွန်မတို့ နှစ်ယောက်လည်း ဘာလုပ်ရမှန်းမသိ ကြောင်နေပြီးမှ ဆိုင်ထဲမှ ထွက်လာခဲ့မိပါတယ်။ ဆိုင်ရှင်ဦးလေးကို နှုတ်တောင်မဆက်မိခဲ့ပါဘူး။
အဲဒီ့နေ့က ကျွန်မသိလိုက်ရတာကတော့ စကားကို လက်လွတ်စပါယ် ပြောတတ်တဲ့အကျင့်က ဒီလို အားနာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်လာတယ်ဆိုတာပါဘဲ။ ကျွန်မ ကြိုးစားပြီး ပြင်ဆင်ဘို့ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ်ပြောတဲ့ စကားကို နားလည်သည် ဖြစ်စေ နားမလည်သည် ဖြစ်စေ ဘယ်တော့မှ လက်လွတ်စပါယ် မပြောမိဘို့ကိုပါ။ ကျွန်မအတွက်တော့ မေ့မရတဲ့ သင်ခန်းစာ တစ်ခု ဖြစ်ခဲ့ရပါပြီ။ ကျွန်မလို အဖြစ်မျိုးနဲ့ မကြုံစေဘို့ ဖော်ပြပေးလိုက်ပါတယ်။

၁. ၁ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်တိုင်ရဲ့ အတွေးကို သိုသိုသိပ်သိပ်နေတတ်သော၊ စိတ်ခံစားလွယ်သော၊ ချိုသာသော စိတ်ထားကို ပိုင်ဆိုင်ထားသူများဖြစ်ပါတယ်တဲ့။ ၁ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်ကိုတိုင်ရော ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ သူများတွေထက်ပိုပြီး စိတ်သောကရောက်တတ် စိတ်ပင်ပန်းတတ်သူပါတဲ့။ သူများတွေနဲ့ ရောရောနှောနှော နေရတာကို မနှစ်သက်လို့ သူများတွေနဲ့ အလာပသလာပ ပြောတာထက် တစ်ယောက်တည်း နေရတာကို နှစ်သက်ပါတယ်တဲ့။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆက်ဆံတဲ့ အခါမှာလဲ အမြဲတမ်း အလေးထား ဆက်ဆံတတ်တာမို့ သူငယ်ချင်းများရဲ့ စိတ်ချယုံကြည်မှုကို ရရှိနိုင်ပါတယ်တဲ့။ သင်က တစ်ယောက်တည်း နေရတာကို နှစ်သက်လို့ ဘယ်လောက်ဘဲ တစ်ယောက်တည်း နေနေ ဘယ်တော့မှ တစ်ယောက်တည်းနေရတာကို ပျင်းရိညည်းငွေ့တယ်လို့ ဘယ်တော့မှ မထင်တဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်သူများပါတဲ့။
၂. ၂ပုံလေးကို ရွေးချယ်သူများကတော့ လွတ်လပ်မှုကို နှစ်သက်တတ်သော၊ ချုပ်ချယ်မှုကို မနှစ်သက်သော၊ သူတပါးကို တွယ်ဖက်မနေတတ်သောသူများဖြစ်ပါတယ်တဲ့။ ၂ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်ကိုတိုင်ရဲ့ ဘ၀ခရီးလမ်းကို လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်းနဲ့ ရွေးချယ်ချင်သူများဖြစ်ပါတယ်တဲ့။ ဒီ့အပြင် အလုပ်ခွင်ထဲမှာအပြင် အားလပ်ချိန်ကို အသုံးချတဲ့အခါမှာလည်းကောင်း နေရာတိုင်းမှာ အနုပညာဆန်ဆန် လုပ်ကိုင်တတ်သူများ ဖြစ်ကြပါတယ်။ လွတ်လပ်မှုကို အလွန်နှစ်သက်တဲ့ အတွက် တခါတလေမှာတော့ သင့်ပတ်ဝန်းကျင်မှ လူများရဲ့ သဘောထားနဲ့ လုံးဝဆန့်ကျင်တဲ့ အလုပ်များကိုလည်း လုပ်ကိုင်တတ်ပါတယ်တဲ့။ သင်ကိုယ်တိုင်ကတော့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ ပြင်းထန်နေတဲ့ အတွက် ဘယ်တော့မှ သူများလုပ်တိုင်း လိုက်လုပ်လေ့မရှိဘဲ ကိုယ်ပိုင် စတိုင်လ်နဲ့ကိုယ်နေတတ်သူများပါတဲ့။
၃. ၃ပုံလေးကို ရွေးချယ်သူများကတော့ တက်ကြွရွှင်လန်းသော၊ သွက်လက်ဖျတ်လတ်သော၊ ပွင့်လင်းသောသူများ ဖြစ်ကြပါတယ်တဲ့။ ဒါ့အပြင် နှစ်သက်ပြီး စိတ်ဝင်စားတဲ့ အလုပ်ဆိုရင် အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်နေရင်တောင် ကြောက်ရွံ့မှု နည်းနည်းလေးမှ မရှိဘဲ လုပ်တတ်တဲ့လူများလည်း ဖြစ်ပါတယ်တဲ့။ ဒီ့အပြင် ဘယ်အလုပ်ကိုမဆို ခေါင်းဆောင်လုပ်ကိုင်ရတာကို နှစ်သက်သူများလည်း ဖြစ်ပါတယ်တဲ့။ ဒီလို ဦးဆောင်လုပ်ကိုင်တိုင်း သင့်ရဲ့ တက်တက်ကြွကြွ ဦးဆောင်တတ်တဲ့ စရိုက်လက္ခဏာက ပိုပြီး လင်းလက် တောက်ပြောင်ပါတယ်တဲ့။
၎. ၄ပုံလေးကို ရွေးချယ်သူများကတော့ လက်တွေ့ဆန်သော၊ လူတကာနဲ့ သင့်တင့်မျှတအောင်နေတတ်သော၊ ဆက်ဆံရေးကောင်းမွန်သော သူများဖြစ်ပါတယ်တဲ့။ သင်ကတော့ စိတ်ကူးယဉ်နေတာထက် လက်တွေ့ကျတဲ့ ဘ၀ကို အလေးထားသူများ ဖြစ်သလို အချစ်မှာလည်း ရှုတ်ရှုတ်ထွေးထွေးကို မနှစ်သက်ဘဲ သာမန် လူမျိုးကိုသာ ချစ်ချင်ပါတယ်တဲ့။ ပြဿနာအားလုံးကိုလည်း လက်တွေ့ကျကျဘဲ ဆင်းစားတတ်တဲ့ လူများဖြစ်ကြပါတယ်။ သင့်ကြောင့်မလို့ ပတ်ဝန်းကျင်မှ လူတွေက လက်တွေ့ဆန်ခြင်းနဲ့ လွတ်လပ်မှုကို ခံစားသိရှိနိုင်ပါတယ်တဲ့။ ဒီ့အပြင် သင့်ကို သင့် ပတ်ဝန်းကျင်က ကြင်နာနွေးထွေးတတ်သူလို့ အသိအမှတ်ပြုတာကိုလည်း ခံရသူပါတဲ့။ တောက်ပလွန်းတဲ့ အပြင်အဆင်တို့ ခေတ်ဆန်လွန်းတာတို့ကို မနှစ်သက်လို့ အမြဲတမ်း သန့်ပျံ့သန့်ရှင်ပြီး ကျက်သရေရှိတဲ့ အ၀တ်အစားကိုဘဲ ၀တ်စားတတ်သူများလည်း ဖြစ်ပါတယ်တဲ့။
၅. ၅ပုံလေးကို ရွေးချယ်သူများကတော့ ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်တတ်သူ၊ ကိုယ့်ကိုကို ယုံကြည်မှုအပြည့်ရှိသူ၊ အရာအားလုံးကို အသုံးကျကျ အသုံးချတတ်သူများ ဖြစ်ပါတယ်။ သင်ကတော့ အားလုံးထက် ကိုယ့်ကိုကို ယုံကြည်သူ ဖြစ်ပြီး အမှတ်တမဲ့ ကြုံတွေ့လာတဲ့ ကံကောင်းမှုထက် ကိုယ်တိုင် ဖန်တီးလို့ ရရှိတဲ့ ကံကောင်းမှုကို ပိုမို ယုံကြည်တတ်သူပါ။ သင်ကတော့ ကြုံတွေ့လာတဲ့ အခက်အခဲအားလုံးကို လက်တွေ့ကျကျ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ပါတယ်တဲ့။ လက်တွေ့ဘ၀မှာလည်း အမြဲတမ်း တန်ဖိုးရှိရှိနေထိုင်တတ်သူပါ။ ဒီလို အကြောင်းတွေကြောင့် ပတ်ဝန်းကျင်က လူတွေက သင့်ကို မှီခိုအားကိုးလောက်တဲ့လူလို့ သတ်မှတ်ကြပါသတဲ့။ အဲဒီလို အသိအမှတ်ပြုခြင်းခံရလို့လည်း ပိုပြီး ကြိုးစားလုပ်ရမယ့် တာဝန်တွေ ပိုများလာတတ်ပါတယ်တဲ့။ သင့်ပတ်ဝန်းကျင်မှ လူတွေက သင့်ကို ကိုယ့်ကိုကို အရမ်းယုံကြည်တတ်သူရယ်လို့ ပြောကြတဲ့ အခါလည်း ရှိပါတယ်တဲ့။ သင်ဟာ အလုပ်တစ်ခု သင်တွေးထားသလို ဖြစ်မလာခင်အထိတော့ ကိုယ့်ကိုကို ကျေနပ်နှစ်သိမ့်မှု မရှိပါဘူးတဲ့။
၆. ၆ပုံလေးကို ရွေးချယ်သူများကတော့ နွေးထွေးတဲ့ အသည်းနှလုံးပိုင်ရှင်ဖြစ်ပြီး အလေးအနက်ထားပြီး ဆောင်ရွက်တတ်တဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားသူမျာ ဖြစ်ပါတယ်တဲ့။ ဒီပုံလေးကို ရွေးချယ်သူများကတော့ အလုပ်တိုင်းကို နူးညံ့သိမ်မွေ့စွာ လုပ်ကိုင်တတ်ပါတယ်တဲ့။ လူမှုဆက်ဆံရေးလည်း ကောင်းမွန်သလို လွတ်လပ်မှုကို လိုလားသူများ ဖြစ်ပါတယ်တဲ့။ သင်ဟာ ဘ၀မှာ ခြေလှမ်း တစ်ချက် နောက်ကျလို့ ဘ၀ရဲ့ခါးသီးမှုကို ခံစားရရင်လည်း ပျော်ပျော်နဲ့ဘဲ အဲဒီ ခါးသီးမှုကို လက်ခံနိုင်သူပါတဲ့။ သင်ဟာ ဘ၀ရဲ့လွတ်လပ်မှုရဘို့အတွက် သင်တစ်ယောက်တည်း နေနိုင်ဘို့ကို ကြိုးစားတတ်ပေမယ့် အထီးကျန်ဆန်တဲ့ လူမျိုးတော့မဟုတ်ပါဘူး။ သင်ဟာ ငြိမ်းချမ်းတဲ့ ဘ၀ကို လိုလားပြီး သင့်ကို ပေးလာတဲ့ ကံကြမ္မာကိုလဲ ကျေကျေနပ်နပ်နဲ့ လက်ခံတတ်သူပါ။ မိမိရဲ့ လက်ရှိဘ၀ကိုလည်း သဘောကျနှစ်သက်နေတတ်ပါတယ်တဲ့။
၇. ၇ပုံလေးကို ရွေးချယ်သူများကတော့ အကောင်းမြင် ၀ါဒီသမားများ၊ အပျော်အပါးကို ခုံမင်သူများ၊ ပွင့်လင်းတက်ကြွသူများ ဖြစ်ပါတယ်။ သင်ကတော့ လွတ်လွတ်လပ်လပ် ကြုံသလို နေရတာကို နှစ်သက်သူအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဘ၀ဟာ တစ်ခါဘဲ ရှိလို့ ပျော်ပျော်နေရမယ်လို့ သတ်မှတ်တတ်သူပီပီ ပျော်ပျော်နေတတ်သူပါ။ သိချင်စိတ်ပျင်းပြသူများ ဖြစ်လို့ အသစ်ဆိုတာနဲ့ စမ်းသပ် လုပ်ကိုင်ချင်တော့တာပါဘဲ။ ပျင်းစရာကောင်းတဲ့ အလုပ်ကိုတော့ အမုန်းဆုံးပါတဲ့။ ဒါကြောင့်မို့ သင်ဟာ ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အတွေ့အကြုံမှန်သမျှကို စမ်းသပ်ကြည့်ပြီး အဲဒီလို လုပ်ရတာကိုလည်း နှစ်သက်ခုန်မင်နေတတ်ပါတယ်တဲ့။
၈. ၈ပုံလေးကို ရွေးချယ်သူများကတော့ ခံစားချက်ပြင်းထန်သော၊ စိတ်ကူးယဉ်ဆန်သော၊ Romanticဆန်သော သူများ ဖြစ်ပါတယ်တဲ့။ သင်ကတော့ ခံစားချက်ပြင်းထန်ပြီး ခံစားလွယ်တတ်တဲ့ လူမျိုးပါ။ သင်ကတော့ အရာအားလုံးကို သွေးအေးအေး လက်တွေ့ကျကျ စဉ်းစား ဆုံးဖြတ်ရတာမျိုးကို မနှစ်သက်ဘဲ ကိုယ်ခံစားရတဲ့အတိုင်း ကိုယ့်ရဲ့ ခံစားချက်စေရာကို လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ သင်ဟာ အသက်ရှင်သန်နေသမျှကာလပတ်လုံး စိတ်ကူးယဉ်အိမ်မက် ပျောက်မသွားဘို့ကို အလေးထား စဉ်းစားတတ်သူဖြစ်ပါတယ်တဲ့။ ပြီးတော့ သင်ဟာ ခံစားချက်ကို ဘေးဖယ်ပြီး ဦးနှောက်ကို ဦးစားပေး စဉ်းစားတတ်တဲ့လူမျိုးကို မနှစ်သက်ပါဘူးတဲ့။
၉. ၉ပုံလေးကို ရွေးချယ်သူများကတော့ သေချာ စဉ်းစားပိုင်ဖြတ်နိုင်သော၊ ကိုယ့်ကိုကို ယုံကြည်ပိုင်နိုင်မှုရှိသော၊ ယုံကြည်စဖွယ်ကောင်းသောသူများ ဖြစ်ပါတယ်တဲ့။ သင့်ရဲ့ စိတ်ဆန္ဒအားလုံးဟာ တန်ဖိုးရှိတဲ့ တစ်ခုခုကို အမြဲတမ်း တမ်းတနေတတ်ပါတယ်။ သင်ဟာ လူတကာက သိပ်စိတ်မ၀င်စားတဲ့ တစ်ယောက်ထဲ ပိုင်ဆိုင်တဲ့ ကမ္ဘာလေးမှာ နေထိုင်ရတာကို နှစ်သက်တတ်ပါတယ်တဲ့။ ဒါ့အပြင် သူများနဲ့မတူ တမူထူးခြားတဲ့ ပုံစံမျိုး၊ အတွေးအခေးမျိုးနဲ့ ဘ၀ကို လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်တဲ့။ သင်ဟာ အပြောင်းအလဲများတဲ့ ခေတ်ရေစီးချောင်းကို စိတ်မ၀င်စားဘဲ မူပိုင်ဟန်နဲ့နေထိုင်တတ်သူပါ။ ချစ်ရသူကိုလည်း ယဉ်ကျေးမှုအဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်ပြီး ရွေးချယ်လေ့ရှိပါတယ်တဲ့။
ဒီတခါ ကျွန်တော်နဲ့ ကျွန်မတို့ ဖော်ပြပေးတဲ့ စိတ်ပညာဆိုင်ရာ ကစားနည်းလေးကို ပျော်ရွှင်စွာ ကစားရင်း အပန်းဖြေနိုင်ကြပါစေ။
ဒီကနေ့တော့ အားလုံးစောင့်မျှော်နေကြတဲ့ ရှောင်သင့်သော မိန်းကလေးများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်..
၁. ကော်ဖီ ဒါမှမဟုတ် လက်ဘက်ရည်ကို အရမ်းကို ကောင်းကောင်း ဖျော်တတ်သောမိန်းမ
၂. သစ်သီးဝလံများကို ကျွမ်းကျွမ်းကျင်ကျင် ခွာတတ် သင်တတ်သောမိန်းမ
၃. အရက်အမျိုးအစားများ၊ အထူးသဖြင့် နိုင်ငံခြား အရက်အမျိုးအစားများကို ကောင်းကောင်း သိနေသော မိန်းမ
၎. ဖုန်း အလွန်အမင်းဆက်တတ်သော မိန်းမ
၅. အဝေးပြေးကားလမ်းများမှာ ရှိတဲ့ ကားရပ်နားစခန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သိနေတတ်သော မိန်းမ
၆. မီးရပ်သားဖွားဆေးခန်းကို မြင်တာနဲ့ ချက်ချင်း ခေါင်းငိုက်စိုက်ချပြီး နေတတ်သော မိန်းမများ
ဒီလို မိန်းမများကတော့ လက်ထက်တဲ့ အခါမှာ ရှောင်သင့်သောမိန်းမများလို့ ဖတ်ရှုခဲ့ရပါတယ်... အချက်အားလုံးကိုတော့ သဘောမတူပေမယ့် အားလုံးနဲ့မျှဝေခံစားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတဲ့ ပို့စ်များကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်...
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ အချို့ချို့သော အချက်များလိုအပ်ပါတယ်... အဲဒီ အချက်တွေထဲက တစ်ချက်ကတော့ ကိုယ့်အပေါ်မှာ အရမ်းချစ်ပြီး အရမ်းနားလည်ပေးတတ်တဲ့ အဖော်မွန်နဲ့ တွေ့မိဘို့လည်း အပါအ၀င်ပါဘဲ... ပျော်စရာကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ ကိုယ့်ဘက်က ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ကိုယ့်ရဲ့ လက်တွဲဖော်က မကောင်းဘူးဆိုရင်တော့ အဲဒီ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်ပြီပေါ့... ဒါကြောင့် ဒီနေ့တော့ မိန်းကလေးတို့ ချစ်သူ ရွေးချယ်တဲ့ အခါ သတိထားသင့်တဲ့ ယောင်္ကျားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်... မိန်းကလေးများ အတွက်လို့ ဆိုပေမယ့် ယောင်္ကျားလေးများလည်း ဖတ်ရှုနိုင်တဲ့ စာဖြစ်ပါတယ်...
1. ငါ့ကို မယုံလို့လား
2. ချစ်သူမိန်းကလေးကို အမြဲတမ်း အားကိုးယုံကြည်တယ်လို့ပြောတတ်သူ
အချို့ယောင်္ကျားများက မိမိရဲ့ ချစ်သူမိန်းကလေးကို နင်နဲ့ တူတူရှိနေရင် စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောတတ်ကြပါတယ်... ဒီလို စကားကို အပြောခံရတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ချစ်သူဟာ သူတို့မရှိရင် မနေနိုင်သူပါလားဆိုပြီး အထင်မှတ်တတ်ပါတယ်... ဒါပေမယ့် ဒါဟာ တကယ့်ကို အထင်သတ်သတ်ပါဘဲ... လက်တွေမှာတော့ အဲဒီလို ပြောတတ်ကြတဲ့ ယောင်္ကျားများက သူတို့ အမှားလုပ်ရင်လည်း ချစ်သူဖြစ်သူက ခွင့်လွှတ်နားလည်နိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲတမ်း ကိုယ်ထင်ရာကိုသာ လုပ်တတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားများဖြစ်တတ်ပါသတဲ့... ဒီ့အပြင် သူများပြောတာကိုလည်း နားယောင်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်တတ်ပါသတဲ့... ကလေးငယ်တစ်ယောက်ကို လူကြီးဖြစ်အောင် ပြုစုပြိုးထောင်ပေးတဲ့ စိတ်နဲ့ မဟုတ်ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲတာ ကောင်းပါသတဲ့...
3. 'ငါ' စွဲကြီးသူ
ကိုယ့်ကိုကိုသာ စိတ်ဝင်စားတတ်တဲ့ ယောင်္ကျားမျိုးဟာလည်း ရှောင်သင့်တဲ့ ယောင်္ကျားမျိုးထဲမှာ ပါဝင်ပါတယ်တဲ့... ဒီလိုလူများကတော့ စကားနည်းနည်း ပြောကြည့်ရင်သိနိုင်ပါတယ်တဲ့... သူများအကြောင်းဆိုရင် နားမထောင်ချင်ဘဲ သူ့အကြောင်းကိုသာ မပြတ်ပြောလိုသူများဖြစ်ပါတယ်တဲ့... အဲဒီလိုယောင်္ကျားမျိုးနဲ့ ချစ်ကြိုက်မိတယ်ဆိုရင်တော့ အမြဲတမ်း သူ့အကြောင်းဘဲ နားထောင်နေရမှာပါတဲ့... သတိထား ရှောင်ကြဘို့တော့ လိုမယ်နော်
4. အဲဒီလို မစားနဲ့...အဲဒီလို မထိုင်နဲ့... အဲဒီလို ...အဲဒီလို...
ဒီလိုဘဲ သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်တဲ့ ကိစ္စတွေကအစ အဆက်မပြတ်ကိုဘဲ ပွစိပွစိပြောတတ်သူပါ... အဲဒီလိုလူမျိုးကတော့ တော်တော်လေးကို ရှေးဆန်ပြီး တယူသန် သမားတွေ ဖြစ်ကြပါတယ်.... ဒီလိုလူမျိုးကတော့ ကိုယ့်အယူအဆကလွဲပြီး ဘယ်သူ့ အတွေးအခေါ်ကိုမှ အသိအမှတ်ပြု လက်ခံသူများ မဟုတ်ပါဘူးတဲ့... ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ လိုအပ်တဲ့ အချက်တွေ တစ်ချက်မှ မရှိတဲ့ လူမျိုးပါဘဲ... ဒီလိုလူမျိုးကို ချစ်ဘို့လည်း နည်းနည်း စဉ်းစားဘို့တော့ လိုလိမ့်မယ်နော်....
ဒီစာကို ဖတ်မိတဲ့ အမျိုးသမီး မမများကတော့ တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီ အချက်လေးများကို သတိရပြီး စဉ်းစားဆုံးဖြတ်နိုင်ပါစေ... ဒီစာကို ဖတ်မိတဲ့ အမျိုးသားများကတော့ ကိုယ်ကိုတိုင်ဟာ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ ပါဝင်နေရင်တောင် မိမိရဲ့ အကျင့်လေးများကို ပြုပြင်နိုင်ပါစေ... ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်လည်း နောက်နောင် ဒီလို မဖြစ်အောင် ကြိုတင် ဆင်ခြင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်....
နောက်နေ့တွေမှာလည်း ဒီ့ထက် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ စာများကို ဖော်ပြပေးအုံးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါရန်....
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်....
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....
ဒီနေ့တော့ ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်
ကျန်ရှိနေသေးတဲ့ သွေးအမျိုးအစားများ အကြောင်းကိုလည်း ဆက်လက် ဖော်ပြသွားပါမည်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်... ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...
သင်ဟာ.... မျိုးစေ့လေး တစ်စေ့ကို ချစိုက်လိုက်တယ်လို့ သဘောထားပါ... အဲဒီ မျိုးစေ့လေးဟာ တစ်နေ့မှာ ပန်းပင်လေး တစ်ပင် ပေါက်လာပါတယ်....... အဲဒီ ပန်းပင်လေးဟာ အောက်ပါ ပန်းလေးမျိုး အနက် ဘယ် ပန်းပင်လေးလဲဆိုတာကို....သင်ခန့်မှန်းကြည့်ပါ............ ပြီးမှ အဖြေကို စမ်းစစ်ကြည့်ပါ.....
နှင်းဆီပန်းကို ရွေးချယ်သူ.......................
နှင်းဆီပန်းကို ရွေးချယ်သူများကတော့....ကိုယ့်ရဲ့ အနာဂတ် အတွက် ရှိသမျှ အားကို ထုတ်ပြီး အစွမ်းကုန် ကြိုးစားနေကြတဲ့လူစားမျိုးတွေပါ.................အချစ်နဲ့ပတ်သက်ပြီး Romantic ဆန်တာမျိုးလေးတွေကိုမှ ကြိုက်တတ်ကြသူတွေပါ.....
စာကလေးပန်းကို ရွေးချယ်သူ.....................
စာကလေးပန်းကို ရွေးချယ်သူများကတော့.....အနာဂတ် အတွက် ကြိုးစားတဲ့ နေရာမှာ ခြေတစ်လှမ်းချင်း ရိုးသားဖြောင့်မတ်စွာနဲ့ဘဲ ကြိုးစားချင်တဲ့ သူမျိုးတွေပါ......အရာအားလုံးကို လက်တွေ့ကျကျဘဲ စဉ်းစားဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်.................
လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူ............
လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူများကတော့.......စိတ်ပိုင်းဆိုင်ရာကို အရေးပေးကြသူများ ဖြစ်ပါတယ်...အနာဂတ်ကို မျှော်မှန်းပြီး ကြိုးစားစမ်းသပ်ချင်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြပါတယ်...ထို့ပြင် လူများနဲ့ပေါင်းသင်း ဆက်ဆံရတာကိုလည်း ကြိုက်နှစ်သက်သူများဖြစ်ကြပါတယ..........
နေကြာပန်းကို ရွေးချယ်သူ...................
နေကြာပန်းကို ရွေးချယ်သူများကတော့........အမြဲတမ်း ရွှင်လန်းတက်ကြွနေပြီး သွက်သွက်လက်လက် ရှိသူများပါ....အသစ်အသစ်သော အရာတွေကို စမ်းသပ်လုပ်ချင်စိတ်တွေ အပြည့် ရှိသူများလည်း ဖြစ်ပါတယ်....စိတ်ကူးယဉ်မှုတွေကို လက်တွေ့ဖြစ်လာဘို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်.....




