ရှောင်ကျဉ်သင့်သော မိန်းမများ  

ရေးသားသူ - XyBo

ဒီကနေ့တော့ အားလုံးစောင့်မျှော်နေကြတဲ့ ရှောင်သင့်သော မိန်းကလေးများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်..

၁. ကော်ဖီ ဒါမှမဟုတ် လက်ဘက်ရည်ကို အရမ်းကို ကောင်းကောင်း ဖျော်တတ်သောမိန်းမ

၂. သစ်သီးဝလံများကို ကျွမ်းကျွမ်းကျင်ကျင် ခွာတတ် သင်တတ်သောမိန်းမ

၃. အရက်အမျိုးအစားများ၊ အထူးသဖြင့် နိုင်ငံခြား အရက်အမျိုးအစားများကို ကောင်းကောင်း သိနေသော မိန်းမ

၎. ဖုန်း အလွန်အမင်းဆက်တတ်သော မိန်းမ

၅. အဝေးပြေးကားလမ်းများမှာ ရှိတဲ့ ကားရပ်နားစခန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သိနေတတ်သော မိန်းမ

၆. မီးရပ်သားဖွားဆေးခန်းကို မြင်တာနဲ့ ချက်ချင်း ခေါင်းငိုက်စိုက်ချပြီး နေတတ်သော မိန်းမများ

ဒီလို မိန်းမများကတော့ လက်ထက်တဲ့ အခါမှာ ရှောင်သင့်သောမိန်းမများလို့ ဖတ်ရှုခဲ့ရပါတယ်... အချက်အားလုံးကိုတော့ သဘောမတူပေမယ့် အားလုံးနဲ့မျှဝေခံစားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတဲ့ ပို့စ်များကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်...

This entry was posted on Thursday, July 17, 2008 and is filed under , . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

5 ယောက်ပြောချင်ရာပြောသွားတယ်

pucca  

ta mee ma par wooo :D

ဖတ်ပြီး ပြုံးမိပါတယ် ညီမလေးရေ။ ရှာရှာဖွေဖွေ မျှဝေပေးတာ ကျေးဇူးပါနော်း)

Anonymous  

အမရေ ရွေးချယ်သင့်သောအမျိုးသမီး.....အကြောင်းကိုလည်း မျှဝေပေးပါ.......

No. 6 ကို ခြွင်းချက်နဲ့ နားလည်ပေးလို့ရပေမယ့် အပေါ်က အချက်တွေကို နားလည်ကြည့်လို့ကို မရလိုက်ဘူး။ တခြား post တွေကိုလည်း ပြန်ဖတ်လိုက်ပါဦးမယ်။ စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။ Forward Mail ထဲကနေရလို့ လာလည်ပါတယ်။

မှတ်သားလိုက်ပါမည်... ကျေးဇူး.။