Showing posts with label ပန်းများ. Show all posts

Psycho Test  

ရေးသားသူ - XyBo

Psycho Test ဆိုတာကတော့ လူတွေရဲ့ အတွေးတွေကနေပြီး သင်ဘယ်လိုလူလဲ ဆိုတာကို ခန့်မှန်းတဲ့ စမ်းသပ်ချက် တစ်ခုပါဘဲ.... ဒါတွေ အားလုံးဟာ အားလုံးမှန်တယ်လို့တော့ မဆိုနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းလေးဖြစ်လို့ တင်ပြပေးလိုက်ပါတယ်.....

သင်ဟာ.... မျိုးစေ့လေး တစ်စေ့ကို ချစိုက်လိုက်တယ်လို့ သဘောထားပါ... အဲဒီ မျိုးစေ့လေးဟာ တစ်နေ့မှာ ပန်းပင်လေး တစ်ပင် ပေါက်လာပါတယ်....... အဲဒီ ပန်းပင်လေးဟာ အောက်ပါ ပန်းလေးမျိုး အနက် ဘယ် ပန်းပင်လေးလဲဆိုတာကို....သင်ခန့်မှန်းကြည့်ပါ............ ပြီးမှ အဖြေကို စမ်းစစ်ကြည့်ပါ.....







စဉ်းစားပြီးမှ ဆက်ကြည့်နော်..















နှင်းဆီပန်းကို ရွေးချယ်သူ.......................

နှင်းဆီပန်းကို ရွေးချယ်သူများကတော့....ကိုယ့်ရဲ့ အနာဂတ် အတွက် ရှိသမျှ အားကို ထုတ်ပြီး အစွမ်းကုန် ကြိုးစားနေကြတဲ့လူစားမျိုးတွေပါ.................အချစ်နဲ့ပတ်သက်ပြီး Romantic ဆန်တာမျိုးလေးတွေကိုမှ ကြိုက်တတ်ကြသူတွေပါ.....



စာကလေးပန်းကို ရွေးချယ်သူ.....................

စာကလေးပန်းကို ရွေးချယ်သူများကတော့.....အနာဂတ် အတွက် ကြိုးစားတဲ့ နေရာမှာ ခြေတစ်လှမ်းချင်း ရိုးသားဖြောင့်မတ်စွာနဲ့ဘဲ ကြိုးစားချင်တဲ့ သူမျိုးတွေပါ......အရာအားလုံးကို လက်တွေ့ကျကျဘဲ စဉ်းစားဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်.................



လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူ............

လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူများကတော့.......စိတ်ပိုင်းဆိုင်ရာကို အရေးပေးကြသူများ ဖြစ်ပါတယ်...အနာဂတ်ကို မျှော်မှန်းပြီး ကြိုးစားစမ်းသပ်ချင်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြပါတယ်...ထို့ပြင် လူများနဲ့ပေါင်းသင်း ဆက်ဆံရတာကိုလည်း ကြိုက်နှစ်သက်သူများဖြစ်ကြပါတယ..........



နေကြာပန်းကို ရွေးချယ်သူ...................

နေကြာပန်းကို ရွေးချယ်သူများကတော့........အမြဲတမ်း ရွှင်လန်းတက်ကြွနေပြီး သွက်သွက်လက်လက် ရှိသူများပါ....အသစ်အသစ်သော အရာတွေကို စမ်းသပ်လုပ်ချင်စိတ်တွေ အပြည့် ရှိသူများလည်း ဖြစ်ပါတယ်....စိတ်ကူးယဉ်မှုတွေကို လက်တွေ့ဖြစ်လာဘို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်.....


Korea Sakura  

ရေးသားသူ - XyBo



ဒီပန်းလေးတွေကတော့ Korea Sakura ပါ.. သူ့ရဲ့ထူးခြားချက်ကတော့ နွေဦးရာသီမှာ ပွင့်ပြီး.. ဂျပန် ဆာကူရာထက် အများကြီး ဖြူတယ်ဆိုတဲ့ အချက်ပါဘဲ... ဒီပန်းတွေ ပွင့်တဲ့ အချိန်မှာတော့ ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးဟာ.. အဖြူရောင်တွေနဲ့ လှပနေတာပေါ့... မြန်မာနိုင်ငံမှာ... ပိတောက်တွေပွင့်လို့ တစ်နိုင်ငံလုံး ရွှေဝါရောင်လွှမ်းနေသလိုပေါ့.. အလှပချင်းမတူသလို... ခံစားချက်ချင်းလည်း မတူပါဘူး... ဘယ်နိုင်ငံက ဘယ်လောက်ပဲ လှလှ ကျွန်တော် ကျွန်မတို့ရဲ့ အမိနိုင်ငံလောက်တော့မလှဘူးလို့ထင်မိပါတယ်...