Showing posts with label psycho test. Show all posts

သင်ဘယ်လိုချစ်တတ်လဲ  

ရေးသားသူ - XyBo

ဒီကနေ့တော့ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာ ထားတတ်တဲ့ သ၀န်တိုမှု၊ ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ မျှော်လင့်ချက်များကို သိနိုင်တဲ့ ကစားနည်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီကစားနည်းလေးကတော့ ဖြေဆိုသူဟာ ယောင်္ကျားလေး ဖြစ်တဲ့ အခါမှာတော့ ချစ်သူအပေါ်မှာ ထားတဲ့ သ၀န်တိုမှုအကြောင်းကို သိနိုင်ပြီး ဖြေဆိုသူဟာ မိန်းကလေး ဖြစ်တဲ့အခါမှာတော့ ကိုယ့်ချစ်သူအပေါ်မှာထားတတ်တဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်တဲ့ အကြောင်းများကို သိနိုင်မှာ ဖြစ်ပါတယ်။ မေးခွန်းလေးကတော့.......

အိမ်အပြန်လမ်းမှာ ပန်းခြံလေးတစ်ခုကို ဖြတ်ခဲ့ရပါတယ်။ အဲဒီ့ပန်းခြံလေးထဲမှာ ရှိတဲ့ ခုံတန်းလေး တစ်ခုမှာ စုံတွဲလေး တစ်တွဲ ထိုင်နေတာကို တွေ့ရမယ်။ သူတို့နှစ်ယောက်ကြားထဲမှာ ပစ္စည်းတစ်ခု ချထားတယ်။ အဲဒီ့ပစ္စည်းလေးဟာ ဘာလေး ဖြစ်မလဲဆိုတာကို အောက်ပါ အဖြေ ၄ခုထဲမှ စိတ်အမှန်းနဲ့ ရွေးချယ်ကြည့်ပါ။

၁. လက်ကိုင်အိတ်
၂. စာရွက်စာတန်းအိတ်
၃. လက်ဆောင်ပစ္စည်းတစ်ခု
၎. ပန်းစည်း



ရွေးပြီးမှ ဆက်ကြည့်နော်








ဖြေဆိုသူဟာ ယောင်္ကျားလေးဖြစ်တဲ့အခါမှာတော့..........

၁. လက်ကိုင်အိတ်

နံပါတ် ၁ကို ရွေးချယ်တဲ့ အမျိုးသားများကတော့ ကိုယ့်ကိုယ်ကို မိန်းကလေးတွေအမြင်မှာ ဆွဲဆောင်မှု မရှိဘူးလို့ ထင်တတ်ကျတယ်။ အခုအချိန်အထိလည်း မိန်းမနဲ့ ပတ်သက်ပြီး အတိတ်ဆိုးတွေရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ မိန်းမဆိုရင် အရမ်းကို သတိထားပြီး ဆက်ဆံတတ်ကြပါတယ်။ တော်ရုံတန်ရုံနဲ့ ကိုယ်သဘောကျတဲ့ မိန်းကလေးအနားကို မကပ်ရဲကြပါဘူးတဲ့။

၂. စာရွက်စာတန်းအိတ်

နံပါတ်၂ကို ရွေးချယ်တဲ့ သူများကတော့ မိန်းကလေးတွေကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းသူများ ဖြစ်ပေမယ့် အရမ်းကို ဇီဇာကြောင်သူများလည်းဖြစ်ပါတယ်။ မြင့်မြင့်မားမားကိုဘဲ မျှော်မှန်းတတ်ပြီး ကိုယ်လိုချင်တဲ့ မိန်းကလေးကို ခေါ်ပြီး တစ်နေနေရာကို ထွက်သွားနိုင်တဲ့ လူတွေလည်း ဖြစ်ပါတယ်။ မိန်းကလေးဘက်ကနေ ပွင့်ပွင့်လင်းလင်းနဲ့ စလာတတ်တဲ့ မိန်းကလေးမျိုးကို မနှစ်သက်ပါဘူး။ လူတစ်ယောက်ကို မကြိုက်ဘူးဆိုရင်လည်း သိသာပေါ်လွင်အောင် ဖော်ပြတတ်သူများပါတဲ့။ တခါတလေမှာတော့ စိမ်းစိမ်းကားကား ဆက်ဆံတတ်ပါတယ်တဲ့။

၃. လက်ဆောင်ပစ္စည်းတစ်ခု

နံပါတ်၃ကို ရွေးချယ်သူများကတော့ မိန်းကလေးနဲ့ ပတ်သက်ပြီး သိပ်မကောင်းလှတဲ့ အတွေ့အကြုံလေးတွေရှိလို့ နည်းနည်း အဆင်ပြေတဲ့ စုံတွဲတွေကို တွေ့ရင် သိပ်မနှစ်သက်သလိုလို၊ မနာလိုဖြစ်သလိုလို ဖြစ်တတ်ပါတယ်တဲ့။ ကိုယ့်ရဲ့ စိတ်ထားနဲ့ ကိုယ်တိုင် လုပ်နေတဲ့ အလုပ်တွေ သိပ် မကိုက်ညီရင်လည်း သိပ်ပြီး စိတ်ထဲမှာ မထားတတ်သူများလည်း ဖြစ်ပါတယ်တဲ့။

၎. ပန်းစည်း

နံပါတ်၎ကို ရွေးချယ်သူများကတော့ Romantic ဆန်ဆန် နေတတ်သူများဖြစ်ပါတယ်။ ချစ်တဲ့လူရှိတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်စိတ်ရှိသူများလည်း ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမှာ တခါတည်း ပျော့ခွေသွားတတ်သလို တစ်ဘက်သားကို အကဲမခတ်တတ်သောကြောင့် အေးအေးစက်စက်နဲ့ အကန်ခံရတာမျိုးလည်း ရှိနိုင်ပါတယ်တဲ့။

ဖြေဆိုသူဟာ မိန်းကလေးဖြစ်တဲ့အခါမှာတော့..........

၁. လက်ကိုင်အိတ်

ယောင်္ကျားတွေနဲ့ ပတ်သက်ပြီး ကြောက်စိတ်နည်းနည်းရှိသူများ ဖြစ်ပါတယ်။ သတိမရချင်တဲ့ မကောင်းတဲ့ အတိတ်ကဖြစ်ရပ်တွေရှိနေနိုင်သလို၊ အပေါ်ယံ ကြည့်ရင်တော့ ဘာမှ မဖြစ်ဘူးလို့ ထင်ရပေမယ့် စိတ်ထဲကအနာက မကျက်တာမျိုးလည်း ဖြစ်တတ်ပါတယ်တဲ့။ ရိုးသာပြီး စစ်မှန်တဲ့ လူမျိုးကိုလည်း တောင့်တနေသူများလည်းဖြစ်ပါတယ်။

၂. စာရွက်စာတန်းအိတ်

နံပါတ်၂ကို ရွေးချယ်သော မိန်းကလေးများကတော့ ချစ်သူ၊ နှစ်သက်သောသူ ရှိတယ်ဆိုရင်တောင် ယခု လက်ရှိအခြေအနေကတော့ ငွေရေးကြေးရေး၊ အလုပ်အကိုင်နဲ့ ပညာကသာ အဓိကလို့ စဉ်းစားနေသူများ ဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို အသားယူဘို့ ဘူးကျဘို့ဘဲ စဉ်းစားနေတတ်တဲ့ ယောင်္ကျားမျိုးနဲ့တော့ နီးနီးကပ်ကပ် မဆက်ဆံတာ အကောင်းဆုံးပါဘဲ။ အခုလောလောဆယ်ကတော့ သင် လုပ်ချင်တဲ့ အလုပ်တွေကို နားလည်ပေးနိုင်တဲ့သူမျိုးကို လိုအပ်ချိန်လည်း ဖြစ်ပါတယ်။

၃. လက်ဆောင်ပစ္စည်းတစ်ခု

နံပါတ် ၃ကို ရွေးချယ်သူ မိန်းကလေးများကတော့ ယောင်္ကျားတွေနဲ့ ပတ်သက်ပြီး လိုအပ်တာထက်ပိုပြီး သတိထားစိတ်တွေရှိနေတတ်ပါတယ်တဲ့။ အထူးသဖြင့် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်သော ယောင်္ကျားများကို ယုံလေ့ ယုံထ မရှိပါဘူးတဲ့။ သင်ကတော့ ယောင်္ကျားပီသပြီး မိန်းကလေးကို ဂရုတစိုက်ရှိတဲ့ ယောင်္ကျားမျိုးကို မျှော်လင့်နေတတ်သူများလည်း ဖြစ်ပါတယ်။ ဒီလို မျှော်လင့်တတ်တဲ့ အကျင့်ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ယောင်္ကျားလေးများနဲ့ တံတိုင်းခြားထားသလို ဖြစ်နေတတ်တာမို့ သတိတော့ ထားသင့်ပါတယ်။

၎. ပန်းစည်း

နံပါတ်၎ကို ရွေးချယ်သော မိန်းကလေးများကတော့ ယခုလောလောဆယ်ကတော့ သင်ဟာ အနာဂါတ် မျှော်မှန်းချက်နဲ့ အသစ်အဆန်းတွေကို စမ်းသပ်လုပ်ချင်တဲ့ စိတ်တွေနဲ့ ပြည်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ ကလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေကလည်း ရင်ထဲမှာ ရှိနေပါတယ်တဲ့။ ချစ်သူမရှိသူများကတော့ ခရီးသွားရင်းနဲ့ ကိုယ့်ရဲ့ ဖူးစာရှင်ကို တွေ့ဆုံရင်ကောင်းမှာဘဲဆိုတဲ့ မျှော်လင့်ချက်လေးများလည်း ရှိနေပါတယ်တဲ့။

ကဲ ဒီကနေ့တော့ ဒီလောက်ပဲနော်...

သင်ဘယ်လောက် အလုပ်လုပ်ချင်စိတ် ရှိလဲ  

ရေးသားသူ - XyBo

ဒီကနေ့လည်း ကစားနည်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ကစားနည်းကနေ သင်ဟာ အလုပ်လုပ်တဲ့အခါမှာဘဲ ဖြစ်ဖြစ်၊ စာကြည့်တဲ့ အခါမှာဘဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ကြိုးစားတတ်တဲ့ ပုံစံကို သိနိုင်ပါတယ်တဲ့။

မေးခွန်းကတော့ တစ်ပတ်မှာ ၇ရက်ရှိတာကို အကယ်၍ တစ်ရက်ထပ်တိုးရမယ်ဆိုရင် ဘယ်ရက်ကို ထပ်တိုးချင်ပါသလဲတဲ့။

၁. တနင်္ဂနွေ
၂. တနင်္လာ
၃. အင်္ဂါ
၎. ဗုဒ္ဓဟူး
၅. ကြာသပတေး
၆. သောကြာ
၇. စနေ

ကဲ ဒီ၇ရက်ထဲက တစ်ရက်ကို ရွေးလိုက်ကြစို့နော်....အဖြေကတော့..............


ရွေးပြီးမှ ဆက်ကြည့်နော်








တနင်္လာ

အထူးသဖြင့် တနင်္လာဆိုရင် ကျောင်းတွေ၊ ရုံးတွေ စဖွင့်တဲ့နေ့ ဖြစ်တာကြောင့် စိတ်ဖိစီးမှုများစေတဲ့ နေ့လို့တောင် ပြောလို့ရပါတယ်။ ကိုရီးယားအသုံးအနှုံး တစ်ခုထဲမှာတောင် တနင်္လာရောဂါဆိုတဲ့ စကားလုံးလေး ရှိတဲ့ အခါပါဘဲ။ ထို့ပြင် ပိတ်ရက်ကုန်ဆုံးပြီး နောက်နေ့ ဖြစ်တာမို့ အလုပ်တွေက ပိုများနေတတ်သလို မတော်တဆဖြစ်မှုတွေကလည်း ပိုများနေတတ်ပါတယ်တဲ့။ ဒီလို တနင်္လာနေ့ကို ထပ်တိုးချင်တယ်ဆိုတဲ့ လူတွေကတော့ အမြဲတမ်း အလုပ်နဲ့ဘဲ လုံးပန်းနေရတဲ့ လူမျိုးတွေပါတဲ့။ ဒါ့အပြင် အလုပ်လုပ်ရတာကိုလည်း နှစ်သက်သလို လက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ယုံကြည်မှု အပြည့်နဲ့ ကြေနပ်နေပါတယ်တဲ့။

အင်္ဂါ၊ ကြာသပတေး

ဒီနေ့တွေကတော့ ထူးထူးခြားခြား သိပ်မရှိလှတဲ့ နေ့တွေပဲ ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ ဒီနေ့တွေမှာ တချို့ စားသောက်ဆိုင်များ၊ အ၀တ်လျှော်ဆိုင်များ ပိတ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီရက် ၂ရက်ကို ရွေးချယ်သူများကတော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း အသင့်အတင့်ရှိပြီး၊ အလုပ်လုပ်တဲ့ နေရာမှာလည်း အသင့်အတင့် နားတဲ့ အခါမှာလည်း အသင့်အတင့် ရှိတဲ့ လူများပါတဲ့။

ဗုဒ္ဓဟူး

တစ်ပတ်ရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဒီနေ့ကို တိုးချင်တယ်ဆိုတဲ့ လူများကတော့ အထူးသဖြင့် ကျောင်းသားများ၊ အလုပ်အရမ်းများသူများ ဖြစ်တတ်ပါတယ်တဲ့။ သာမာန်လူတွေအတွက်ကတော့ ဒီနေ့ဟာ စိတ်အသက်သာဆုံးလို့လည်း ထင်တတ်ကြပါတယ်။ လှုပ်ရှားနေတဲ့ စိတ်တွေဟာ အနည်ထိုင်လာပြီး လည်ပတ်ရင်းနဲ့ဘဲ ဖြစ်ဖြစ်၊ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးတတ်ကြပါတယ်။ ဒါ့အပြင် ဒီကနေ့က ညှို့အား အနည်းငယ်ရှိတာကြောင့် လုပ်ငန်းခွင်၊ ကိုယ်နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ အချစ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာလေးတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့်ဒီနေ့လေးကို နှစ်သက်သူများကတော့ အချစ်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှု အနည်းငယ် ရှိတတ်ပါတယ်တဲ့။

သောကြာ

စနေ၊တနင်္ဂနွေ မတိုင်ခင် နေ့ဖြစ်လို့ အလုပ်ရှုပ်သော်လည်း ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါ။ ပိတ်ရက်တွေမှာ လုပ်မယ့်အလုပ်တွေကို ကြိုတင်တွေးရင်း ပျော်ရွှင်နေရတဲ့ နေ့လေးပါ။ ဒီပျော်ရွှင်မှုလေးကြောင့်လည်း သောကြာနေ့မှာ လုပ်တဲ့ အလုပ်မှန်သမျှကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်တတ်ကြပါတယ်တဲ့။ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ယခု လက်ရှိအလုပ်ကို နှစ်သက်နေပြီး အနာဂါတ်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်လည်း အပြည့်ရှိသူများ ဖြစ်ပါတယ်တဲ့။ အဲဒီ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဘို့လည်း စနစ်တကျ လုပ်ဆောင်နေတဲ့ လူများပါတဲ့။

စနေ၊ တနင်္ဂနွေ

ဒီနေ့လေးကတော့ အလုပ်ပင်ပန်းမှုတွေကနေ လွတ်မြောက်တဲ့ နေ့လေးလည်း ဖြစ်ပါတယ်။ ဒီသဘောထားအရ ကြည့်မယ်ဆိုရင်တော့ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ကိုယ်ပိုင် အချိန်တွေကို ပိုင်ဆိုင်ချင်ပြီး လွတ်လပ်မှုကို လိုလားသူများ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားမှုထက် ကိုယ့်ရဲ့ လွတ်လပ်မှုကို အလေးထားတဲ့ လူများလည်း ဖြစ်ပါတယ်။

Psycho test (2)  

ရေးသားသူ - XyBo

ကျွန်မကတော့ psycho test လုပ်ရတာကို အရမ်းဝါသနာပါသူမို့ အမြဲတမ်း ရှာဖွေပြီး စမ်းသပ်နေတတ်ပါတယ်.. ကိုရီးယားမှာတော့ ဒီ psycho test တွေဟာ အမျိုးစုံ ရှိပါတယ်... psycho test ဟာ ဗေဒင် မဟုတ်ပါဘူး.. စိတ်အပန်းဖြေနိုင်တဲ့ နည်းလမ်းလေး တစ်ခုပါ.. တခါလောက် အပျော်သဘောနဲ့ စမ်းသပ်ကြည့်နိုင်ဘို့ ဒုတိယ အကြိမ် psycho test ကို တင်ပြပေးလိုက်ပါတယ်... ဒီတခါတော့ ရောင်စုံနေတဲ့ ပုံလေးတွေကို ကြည့်ပြီး ကိုယ့်ရဲ့ အကျင့်လေးတွေကို ခန်းမှန်းကြည့်နိုင်တဲ့ psycho test တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်... တစ်ခေါက်လောက်တော့ စမ်းကြည့်ကြပါဦးနော်...



အပေါ်မှာ ဖော်ပြထားတဲ့ ပုံ ကိုးပုံကို ကြည့်ပြီး အနှစ်သက်ဆုံးပုံလေးတစ်ပုံကို ရွေးကြည့်ပါ... နှစ်သက်တဲ့ ပုံလေးမရှိဘူးဆိုရင်လည်း ဒီပုံလေးကို ပထမဆုံး ကြည့်လိုက်တဲ့အခါမှာ မျက်စိထဲကို တန်းဝင်သွားတဲ့ ပုံလေး တစ်ပုံကို ရွေးပါ...ရွေးပြီးရင် သက်ဆိုင်ရာ အဖြေကို အောက်ဘက်မှာ ရှာကြည့်နိုင်ပါတယ်... ဒီစမ်းသပ်ချက်လေးကတော့ တော်တော်မှန်တယ်လို့ ပြောကြပါတယ်..စိတ်အပန်းဖြေဖို့ တစ်ခေါက်လောက် စမ်းသပ်ကြည့်ပါ...



ရွေးပြီးမှ ဆက်ကြည့်နော်....













၁. ၁ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်တိုင်ရဲ့ အတွေးကို သိုသိုသိပ်သိပ်နေတတ်သော၊ စိတ်ခံစားလွယ်သော၊ ချိုသာသော စိတ်ထားကို ပိုင်ဆိုင်ထားသူများဖြစ်ပါတယ်တဲ့။ ၁ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်ကိုတိုင်ရော ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ သူများတွေထက်ပိုပြီး စိတ်သောကရောက်တတ် စိတ်ပင်ပန်းတတ်သူပါတဲ့။ သူများတွေနဲ့ ရောရောနှောနှော နေရတာကို မနှစ်သက်လို့ သူများတွေနဲ့ အလာပသလာပ ပြောတာထက် တစ်ယောက်တည်း နေရတာကို နှစ်သက်ပါတယ်တဲ့။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ဆက်ဆံတဲ့ အခါမှာလဲ အမြဲတမ်း အလေးထား ဆက်ဆံတတ်တာမို့ သူငယ်ချင်းများရဲ့ စိတ်ချယုံကြည်မှုကို ရရှိနိုင်ပါတယ်တဲ့။ သင်က တစ်ယောက်တည်း နေရတာကို နှစ်သက်လို့ ဘယ်လောက်ဘဲ တစ်ယောက်တည်း နေနေ ဘယ်တော့မှ တစ်ယောက်တည်းနေရတာကို ပျင်းရိညည်းငွေ့တယ်လို့ ဘယ်တော့မှ မထင်တဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်သူများပါတဲ့။



၂. ၂ပုံလေးကို ရွေးချယ်သူများကတော့ လွတ်လပ်မှုကို နှစ်သက်တတ်သော၊ ချုပ်ချယ်မှုကို မနှစ်သက်သော၊ သူတပါးကို တွယ်ဖက်မနေတတ်သောသူများဖြစ်ပါတယ်တဲ့။ ၂ပုံလေးကို ရွေးချယ်သူများကတော့ ကိုယ်ကိုတိုင်ရဲ့ ဘ၀ခရီးလမ်းကို လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်းနဲ့ ရွေးချယ်ချင်သူများဖြစ်ပါတယ်တဲ့။ ဒီ့အပြင် အလုပ်ခွင်ထဲမှာအပြင် အားလပ်ချိန်ကို အသုံးချတဲ့အခါမှာလည်းကောင်း နေရာတိုင်းမှာ အနုပညာဆန်ဆန် လုပ်ကိုင်တတ်သူများ ဖြစ်ကြပါတယ်။ လွတ်လပ်မှုကို အလွန်နှစ်သက်တဲ့ အတွက် တခါတလေမှာတော့ သင့်ပတ်ဝန်းကျင်မှ လူများရဲ့ သဘောထားနဲ့ လုံးဝဆန့်ကျင်တဲ့ အလုပ်များကိုလည်း လုပ်ကိုင်တတ်ပါတယ်တဲ့။ သင်ကိုယ်တိုင်ကတော့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ ပြင်းထန်နေတဲ့ အတွက် ဘယ်တော့မှ သူများလုပ်တိုင်း လိုက်လုပ်လေ့မရှိဘဲ ကိုယ်ပိုင် စတိုင်လ်နဲ့ကိုယ်နေတတ်သူများပါတဲ့။



၃. ၃ပုံလေးကို ရွေးချယ်သူများကတော့ တက်ကြွရွှင်လန်းသော၊ သွက်လက်ဖျတ်လတ်သော၊ ပွင့်လင်းသောသူများ ဖြစ်ကြပါတယ်တဲ့။ ဒါ့အပြင် နှစ်သက်ပြီး စိတ်ဝင်စားတဲ့ အလုပ်ဆိုရင် အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်နေရင်တောင် ကြောက်ရွံ့မှု နည်းနည်းလေးမှ မရှိဘဲ လုပ်တတ်တဲ့လူများလည်း ဖြစ်ပါတယ်တဲ့။ ဒီ့အပြင် ဘယ်အလုပ်ကိုမဆို ခေါင်းဆောင်လုပ်ကိုင်ရတာကို နှစ်သက်သူများလည်း ဖြစ်ပါတယ်တဲ့။ ဒီလို ဦးဆောင်လုပ်ကိုင်တိုင်း သင့်ရဲ့ တက်တက်ကြွကြွ ဦးဆောင်တတ်တဲ့ စရိုက်လက္ခဏာက ပိုပြီး လင်းလက် တောက်ပြောင်ပါတယ်တဲ့။



၎. ၄ပုံလေးကို ရွေးချယ်သူများကတော့ လက်တွေ့ဆန်သော၊ လူတကာနဲ့ သင့်တင့်မျှတအောင်နေတတ်သော၊ ဆက်ဆံရေးကောင်းမွန်သော သူများဖြစ်ပါတယ်တဲ့။ သင်ကတော့ စိတ်ကူးယဉ်နေတာထက် လက်တွေ့ကျတဲ့ ဘ၀ကို အလေးထားသူများ ဖြစ်သလို အချစ်မှာလည်း ရှုတ်ရှုတ်ထွေးထွေးကို မနှစ်သက်ဘဲ သာမန် လူမျိုးကိုသာ ချစ်ချင်ပါတယ်တဲ့။ ပြဿနာအားလုံးကိုလည်း လက်တွေ့ကျကျဘဲ ဆင်းစားတတ်တဲ့ လူများဖြစ်ကြပါတယ်။ သင့်ကြောင့်မလို့ ပတ်ဝန်းကျင်မှ လူတွေက လက်တွေ့ဆန်ခြင်းနဲ့ လွတ်လပ်မှုကို ခံစားသိရှိနိုင်ပါတယ်တဲ့။ ဒီ့အပြင် သင့်ကို သင့် ပတ်ဝန်းကျင်က ကြင်နာနွေးထွေးတတ်သူလို့ အသိအမှတ်ပြုတာကိုလည်း ခံရသူပါတဲ့။ တောက်ပလွန်းတဲ့ အပြင်အဆင်တို့ ခေတ်ဆန်လွန်းတာတို့ကို မနှစ်သက်လို့ အမြဲတမ်း သန့်ပျံ့သန့်ရှင်ပြီး ကျက်သရေရှိတဲ့ အ၀တ်အစားကိုဘဲ ၀တ်စားတတ်သူများလည်း ဖြစ်ပါတယ်တဲ့။



၅. ၅ပုံလေးကို ရွေးချယ်သူများကတော့ ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်တတ်သူ၊ ကိုယ့်ကိုကို ယုံကြည်မှုအပြည့်ရှိသူ၊ အရာအားလုံးကို အသုံးကျကျ အသုံးချတတ်သူများ ဖြစ်ပါတယ်။ သင်ကတော့ အားလုံးထက် ကိုယ့်ကိုကို ယုံကြည်သူ ဖြစ်ပြီး အမှတ်တမဲ့ ကြုံတွေ့လာတဲ့ ကံကောင်းမှုထက် ကိုယ်တိုင် ဖန်တီးလို့ ရရှိတဲ့ ကံကောင်းမှုကို ပိုမို ယုံကြည်တတ်သူပါ။ သင်ကတော့ ကြုံတွေ့လာတဲ့ အခက်အခဲအားလုံးကို လက်တွေ့ကျကျ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ပါတယ်တဲ့။ လက်တွေ့ဘ၀မှာလည်း အမြဲတမ်း တန်ဖိုးရှိရှိနေထိုင်တတ်သူပါ။ ဒီလို အကြောင်းတွေကြောင့် ပတ်ဝန်းကျင်က လူတွေက သင့်ကို မှီခိုအားကိုးလောက်တဲ့လူလို့ သတ်မှတ်ကြပါသတဲ့။ အဲဒီလို အသိအမှတ်ပြုခြင်းခံရလို့လည်း ပိုပြီး ကြိုးစားလုပ်ရမယ့် တာဝန်တွေ ပိုများလာတတ်ပါတယ်တဲ့။ သင့်ပတ်ဝန်းကျင်မှ လူတွေက သင့်ကို ကိုယ့်ကိုကို အရမ်းယုံကြည်တတ်သူရယ်လို့ ပြောကြတဲ့ အခါလည်း ရှိပါတယ်တဲ့။ သင်ဟာ အလုပ်တစ်ခု သင်တွေးထားသလို ဖြစ်မလာခင်အထိတော့ ကိုယ့်ကိုကို ကျေနပ်နှစ်သိမ့်မှု မရှိပါဘူးတဲ့။



၆. ၆ပုံလေးကို ရွေးချယ်သူများကတော့ နွေးထွေးတဲ့ အသည်းနှလုံးပိုင်ရှင်ဖြစ်ပြီး အလေးအနက်ထားပြီး ဆောင်ရွက်တတ်တဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားသူမျာ ဖြစ်ပါတယ်တဲ့။ ဒီပုံလေးကို ရွေးချယ်သူများကတော့ အလုပ်တိုင်းကို နူးညံ့သိမ်မွေ့စွာ လုပ်ကိုင်တတ်ပါတယ်တဲ့။ လူမှုဆက်ဆံရေးလည်း ကောင်းမွန်သလို လွတ်လပ်မှုကို လိုလားသူများ ဖြစ်ပါတယ်တဲ့။ သင်ဟာ ဘ၀မှာ ခြေလှမ်း တစ်ချက် နောက်ကျလို့ ဘ၀ရဲ့ခါးသီးမှုကို ခံစားရရင်လည်း ပျော်ပျော်နဲ့ဘဲ အဲဒီ ခါးသီးမှုကို လက်ခံနိုင်သူပါတဲ့။ သင်ဟာ ဘ၀ရဲ့လွတ်လပ်မှုရဘို့အတွက် သင်တစ်ယောက်တည်း နေနိုင်ဘို့ကို ကြိုးစားတတ်ပေမယ့် အထီးကျန်ဆန်တဲ့ လူမျိုးတော့မဟုတ်ပါဘူး။ သင်ဟာ ငြိမ်းချမ်းတဲ့ ဘ၀ကို လိုလားပြီး သင့်ကို ပေးလာတဲ့ ကံကြမ္မာကိုလဲ ကျေကျေနပ်နပ်နဲ့ လက်ခံတတ်သူပါ။ မိမိရဲ့ လက်ရှိဘ၀ကိုလည်း သဘောကျနှစ်သက်နေတတ်ပါတယ်တဲ့။



၇. ၇ပုံလေးကို ရွေးချယ်သူများကတော့ အကောင်းမြင် ၀ါဒီသမားများ၊ အပျော်အပါးကို ခုံမင်သူများ၊ ပွင့်လင်းတက်ကြွသူများ ဖြစ်ပါတယ်။ သင်ကတော့ လွတ်လွတ်လပ်လပ် ကြုံသလို နေရတာကို နှစ်သက်သူအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဘ၀ဟာ တစ်ခါဘဲ ရှိလို့ ပျော်ပျော်နေရမယ်လို့ သတ်မှတ်တတ်သူပီပီ ပျော်ပျော်နေတတ်သူပါ။ သိချင်စိတ်ပျင်းပြသူများ ဖြစ်လို့ အသစ်ဆိုတာနဲ့ စမ်းသပ် လုပ်ကိုင်ချင်တော့တာပါဘဲ။ ပျင်းစရာကောင်းတဲ့ အလုပ်ကိုတော့ အမုန်းဆုံးပါတဲ့။ ဒါကြောင့်မို့ သင်ဟာ ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အတွေ့အကြုံမှန်သမျှကို စမ်းသပ်ကြည့်ပြီး အဲဒီလို လုပ်ရတာကိုလည်း နှစ်သက်ခုန်မင်နေတတ်ပါတယ်တဲ့။



၈. ၈ပုံလေးကို ရွေးချယ်သူများကတော့ ခံစားချက်ပြင်းထန်သော၊ စိတ်ကူးယဉ်ဆန်သော၊ Romanticဆန်သော သူများ ဖြစ်ပါတယ်တဲ့။ သင်ကတော့ ခံစားချက်ပြင်းထန်ပြီး ခံစားလွယ်တတ်တဲ့ လူမျိုးပါ။ သင်ကတော့ အရာအားလုံးကို သွေးအေးအေး လက်တွေ့ကျကျ စဉ်းစား ဆုံးဖြတ်ရတာမျိုးကို မနှစ်သက်ဘဲ ကိုယ်ခံစားရတဲ့အတိုင်း ကိုယ့်ရဲ့ ခံစားချက်စေရာကို လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ သင်ဟာ အသက်ရှင်သန်နေသမျှကာလပတ်လုံး စိတ်ကူးယဉ်အိမ်မက် ပျောက်မသွားဘို့ကို အလေးထား စဉ်းစားတတ်သူဖြစ်ပါတယ်တဲ့။ ပြီးတော့ သင်ဟာ ခံစားချက်ကို ဘေးဖယ်ပြီး ဦးနှောက်ကို ဦးစားပေး စဉ်းစားတတ်တဲ့လူမျိုးကို မနှစ်သက်ပါဘူးတဲ့။



၉. ၉ပုံလေးကို ရွေးချယ်သူများကတော့ သေချာ စဉ်းစားပိုင်ဖြတ်နိုင်သော၊ ကိုယ့်ကိုကို ယုံကြည်ပိုင်နိုင်မှုရှိသော၊ ယုံကြည်စဖွယ်ကောင်းသောသူများ ဖြစ်ပါတယ်တဲ့။ သင့်ရဲ့ စိတ်ဆန္ဒအားလုံးဟာ တန်ဖိုးရှိတဲ့ တစ်ခုခုကို အမြဲတမ်း တမ်းတနေတတ်ပါတယ်။ သင်ဟာ လူတကာက သိပ်စိတ်မ၀င်စားတဲ့ တစ်ယောက်ထဲ ပိုင်ဆိုင်တဲ့ ကမ္ဘာလေးမှာ နေထိုင်ရတာကို နှစ်သက်တတ်ပါတယ်တဲ့။ ဒါ့အပြင် သူများနဲ့မတူ တမူထူးခြားတဲ့ ပုံစံမျိုး၊ အတွေးအခေးမျိုးနဲ့ ဘ၀ကို လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်တဲ့။ သင်ဟာ အပြောင်းအလဲများတဲ့ ခေတ်ရေစီးချောင်းကို စိတ်မ၀င်စားဘဲ မူပိုင်ဟန်နဲ့နေထိုင်တတ်သူပါ။ ချစ်ရသူကိုလည်း ယဉ်ကျေးမှုအဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်ပြီး ရွေးချယ်လေ့ရှိပါတယ်တဲ့။

ဒီတခါ ကျွန်တော်နဲ့ ကျွန်မတို့ ဖော်ပြပေးတဲ့ စိတ်ပညာဆိုင်ရာ ကစားနည်းလေးကို ပျော်ရွှင်စွာ ကစားရင်း အပန်းဖြေနိုင်ကြပါစေ။

Psycho Test  

ရေးသားသူ - XyBo

Psycho Test ဆိုတာကတော့ လူတွေရဲ့ အတွေးတွေကနေပြီး သင်ဘယ်လိုလူလဲ ဆိုတာကို ခန့်မှန်းတဲ့ စမ်းသပ်ချက် တစ်ခုပါဘဲ.... ဒါတွေ အားလုံးဟာ အားလုံးမှန်တယ်လို့တော့ မဆိုနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းလေးဖြစ်လို့ တင်ပြပေးလိုက်ပါတယ်.....

သင်ဟာ.... မျိုးစေ့လေး တစ်စေ့ကို ချစိုက်လိုက်တယ်လို့ သဘောထားပါ... အဲဒီ မျိုးစေ့လေးဟာ တစ်နေ့မှာ ပန်းပင်လေး တစ်ပင် ပေါက်လာပါတယ်....... အဲဒီ ပန်းပင်လေးဟာ အောက်ပါ ပန်းလေးမျိုး အနက် ဘယ် ပန်းပင်လေးလဲဆိုတာကို....သင်ခန့်မှန်းကြည့်ပါ............ ပြီးမှ အဖြေကို စမ်းစစ်ကြည့်ပါ.....







စဉ်းစားပြီးမှ ဆက်ကြည့်နော်..















နှင်းဆီပန်းကို ရွေးချယ်သူ.......................

နှင်းဆီပန်းကို ရွေးချယ်သူများကတော့....ကိုယ့်ရဲ့ အနာဂတ် အတွက် ရှိသမျှ အားကို ထုတ်ပြီး အစွမ်းကုန် ကြိုးစားနေကြတဲ့လူစားမျိုးတွေပါ.................အချစ်နဲ့ပတ်သက်ပြီး Romantic ဆန်တာမျိုးလေးတွေကိုမှ ကြိုက်တတ်ကြသူတွေပါ.....



စာကလေးပန်းကို ရွေးချယ်သူ.....................

စာကလေးပန်းကို ရွေးချယ်သူများကတော့.....အနာဂတ် အတွက် ကြိုးစားတဲ့ နေရာမှာ ခြေတစ်လှမ်းချင်း ရိုးသားဖြောင့်မတ်စွာနဲ့ဘဲ ကြိုးစားချင်တဲ့ သူမျိုးတွေပါ......အရာအားလုံးကို လက်တွေ့ကျကျဘဲ စဉ်းစားဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်.................



လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူ............

လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူများကတော့.......စိတ်ပိုင်းဆိုင်ရာကို အရေးပေးကြသူများ ဖြစ်ပါတယ်...အနာဂတ်ကို မျှော်မှန်းပြီး ကြိုးစားစမ်းသပ်ချင်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြပါတယ်...ထို့ပြင် လူများနဲ့ပေါင်းသင်း ဆက်ဆံရတာကိုလည်း ကြိုက်နှစ်သက်သူများဖြစ်ကြပါတယ..........



နေကြာပန်းကို ရွေးချယ်သူ...................

နေကြာပန်းကို ရွေးချယ်သူများကတော့........အမြဲတမ်း ရွှင်လန်းတက်ကြွနေပြီး သွက်သွက်လက်လက် ရှိသူများပါ....အသစ်အသစ်သော အရာတွေကို စမ်းသပ်လုပ်ချင်စိတ်တွေ အပြည့် ရှိသူများလည်း ဖြစ်ပါတယ်....စိတ်ကူးယဉ်မှုတွေကို လက်တွေ့ဖြစ်လာဘို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်.....