ဒီကနေ့တော့ ကိုရီးယားနိုင်ငံရဲ့ အထင်ရှားဆုံးမြို့ဖြစ်တဲ့ ဂျယ်ဂျူဒို အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ "ဂျယ်ဂျူ" ဆိုတာကတော့ ဒီတိုင်း နာမည် သက်သက် ဖြစ်ပြီး "ဒို" ဆိုတာကတော့ ကျွန်းလို့ဆိုလိုပါတယ်။ ဂျယ်ဂျူဒိုဟာလှပပြီး ရာသီဥတု ကောင်းတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ ဒါပေမယ့် စရိတ်အလွန်ကြီးတာကြောင့် ကိုရီးယားလူမျိုးများပင် သွားရန်ခက်ခဲလှပါတယ်။ ဒါပေမယ့် ဂျယ်ဂျူဒိုကိုတော့ တစ်သက်မှာ တစ်ခါတော့ သေချာပေါက်ရောက်ချင်ကြပါတယ်။ ကိုရီးယားကို အလည်ရောက်တဲ့ နိုင်ငံခြားသားတွေဆိုရင်လည်း ဂျယ်ဂျူကျွန်းကို အလည်ရောက်မှ ကိုရီးယားကို ရောက်ခဲ့တယ်လို့ ပြောလို့ ရလောက်အောင်ကို ထင်ရှားတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ ကျွန်မတို့ဆီက ပုဂံလိုပေါ့။ ဒီကျွန်းလေးမှာ အရမ်းကိုများတဲ့ အရာ ၃ခု ရှိပါတယ်။ ဒါကတော့
၁။ လေ
၂။ မိန်းမ
၃။ ကျောက်တုံး တွေဘဲ ဖြစ်ပါတယ်။
၁။ လေ
၂။ မိန်းမ
၃။ ကျောက်တုံး တွေဘဲ ဖြစ်ပါတယ်။
ဂျယ်ဂျူဒိုဟာ လေးဘက်လေးတန်မှာ ပင်လယ်ကြီး ဝန်းရံထားတဲ့ ကျွန်းလေးတစ်ကျွန်းမို့ လေအလွန်တိုက်ပါတယ်။ ဒါ့ပြင် ဂျယ်ဂျူဒိုမှာ ရှိတဲ့ ယောင်္ကျားများက နေ့အချိန်မှာတော့ ငါးဖမ်းထွက်ရတာမို့ နေ့ခင်းအချိန်မှာ မိန်းမများကိုသာ တွေ့ရလေ့ရှိပါတယ်။ ဒါ့ပြင် ကျောက်တုန်း၊ ကျောက်ဆောင်တွေ များလွန်းတာကြောင့် အိမ်တိုင်းအိမ်တိုင်းကို ကျောက်တုန်းတွေနဲ့ ခြံစည်းရိုးခတ်ရလောက်အောင်ပါဘဲ။ ကိုရီးယားတစ်နိုင်ငံလုံးမှာ ရှိတဲ့ လိမ္မော်သီးတွေဟာလည်း ဂျယ်ဂျူကျွန်းထွက် ပစ္စည်းများ ဖြစ်ပါတယ်။ ရာသီဥတုကောင်းမွန်တာကြောင့် စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ ဂျယ်ဂျူကျွန်းရဲ့ ထင်ရှားလှပတဲ့ ရှုခင်းများနဲ့ အစားအသောက်များကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။
ဒါကတော့ ဂျယ်ဂျူကျွန်းရဲ့ နေ၀င်ချိန်ရှုခင်းပါ။
ဒါကတော့ ဂျယ်ဂျူကျွန်းမှာ ရှိတဲ့ မီးပြတိုက်ပါ။

ဒါကတော့ ဂျယ်ဂျူကျွန်းရဲ့ ကျောက်ဆောင်ကြီးတွေပေါ့။


ဒါကတော့ ကျောက်တုံးအိမ်တွေ ဖြစ်ပါတယ်
ဒါကတော့ လက်ဘက်ခင်းပေါ့။
ဒါကတော့ ဂျယ်ဂျူကျွန်းရဲ့ အလှအပ တစ်ခုပါ။
ဒါကတော့ ဂျယ်ဂျူကျွန်းမှာ နာမည်ကြီးတဲ့ ငါးဟင်းပါ။
ဒါကတော့ ဂျယ်ဂျူကျွန်းမှာဘဲ ရနိုင်တဲ့ ရေညှိဟင်းချိုပါ။ ဒီဟင်းကို တစ်ခြားမြို့များမှာတော့ အမဲသား၊ ငါးခြောက်များနဲ့ ချက်လေ့ချက်ထ ရှိပေမယ့် ဂျယ်ဂျူကျွန်းမှာတော့ ဂဏန်းသားနဲ့ ချက်တာမို့ အရသာကထူးခြားလွန်းပါတယ်တဲ့။



