ရှောင်ကျဉ်သင့်သော ယောင်္ကျားများ  

ရေးသားသူ - XyBo

ဒီကနေ့တော့ ရှောင်ကျဉ်သင့်သော ယောင်္ကျားများ အကြောင်းကိုတင်ပြပေးလိုက်ပါတယ်....

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ အချို့ချို့သော အချက်များလိုအပ်ပါတယ်... အဲဒီ အချက်တွေထဲက တစ်ချက်ကတော့ ကိုယ့်အပေါ်မှာ အရမ်းချစ်ပြီး အရမ်းနားလည်ပေးတတ်တဲ့ အဖော်မွန်နဲ့ တွေ့မိဘို့လည်း အပါအ၀င်ပါဘဲ... ပျော်စရာကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ ကိုယ့်ဘက်က ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ကိုယ့်ရဲ့ လက်တွဲဖော်က မကောင်းဘူးဆိုရင်တော့ အဲဒီ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်ပြီပေါ့... ဒါကြောင့် ဒီနေ့တော့ မိန်းကလေးတို့ ချစ်သူ ရွေးချယ်တဲ့ အခါ သတိထားသင့်တဲ့ ယောင်္ကျားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်... မိန်းကလေးများ အတွက်လို့ ဆိုပေမယ့် ယောင်္ကျားလေးများလည်း ဖတ်ရှုနိုင်တဲ့ စာဖြစ်ပါတယ်...
ကိုယ့်ချစ်သူ အတွက် တကယ် အားကိုးထိုက်တဲ့ သူတယောက် ဖြစ်အောင် ရှောင်ကျဉ်သင့်တာကို ရှောင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်

1. ငါ့ကို မယုံလို့လား
တခါတလေ မသင်ကာစရာ ကိစ္စလေးရှိလို့ နည်းနည်းမေးမိတာနဲ့ ဘာလဲ ငါ့ကို မယုံလို့လားဆိုပြီး ပြန်မေးခွန်းထုတ်တတ်တဲ့ ယောင်္ကျား အချို့ရှိပါတယ်... ချစ်သူမိန်းကလေးက ကိုယ့်ကို မယုံကြည်နိုင်လို့ မေးမြန်းနေတာကို ရှင်းပြဘို့ နေနေသာသာ ကိုယ့်ချစ်သူကို ပြန်ပြီး အော်ငေါက်ချင်တတ်တဲ့ ယောင်္ကျားမျိုး.... သူ့ကိုယုံကြည်ဘို့ကို အတင်းအကျပ်လုပ်ယူချင်တဲ့ ယောင်္ကျားမျိုးကတော့ လုံးဝ ယုံကြည်လို့ မရတဲ့ ယောင်္ကျားမျိုးထဲမှာ ပါတတ်ပါတယ်တဲ့... ဒီလိုလူမျိုးကို ယုံကြည်မိလို့ကတော့ နောက်နောင်မှာ ဒီထက်ဆိုးတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်တဲ့...

2. ချစ်သူမိန်းကလေးကို အမြဲတမ်း အားကိုးယုံကြည်တယ်လို့ပြောတတ်သူ

အချို့ယောင်္ကျားများက မိမိရဲ့ ချစ်သူမိန်းကလေးကို နင်နဲ့ တူတူရှိနေရင် စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောတတ်ကြပါတယ်... ဒီလို စကားကို အပြောခံရတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ချစ်သူဟာ သူတို့မရှိရင် မနေနိုင်သူပါလားဆိုပြီး အထင်မှတ်တတ်ပါတယ်... ဒါပေမယ့် ဒါဟာ တကယ့်ကို အထင်သတ်သတ်ပါဘဲ... လက်တွေမှာတော့ အဲဒီလို ပြောတတ်ကြတဲ့ ယောင်္ကျားများက သူတို့ အမှားလုပ်ရင်လည်း ချစ်သူဖြစ်သူက ခွင့်လွှတ်နားလည်နိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲတမ်း ကိုယ်ထင်ရာကိုသာ လုပ်တတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားများဖြစ်တတ်ပါသတဲ့... ဒီ့အပြင် သူများပြောတာကိုလည်း နားယောင်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်တတ်ပါသတဲ့... ကလေးငယ်တစ်ယောက်ကို လူကြီးဖြစ်အောင် ပြုစုပြိုးထောင်ပေးတဲ့ စိတ်နဲ့ မဟုတ်ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲတာ ကောင်းပါသတဲ့...

3. 'ငါ' စွဲကြီးသူ
ကိုယ့်ကိုကိုသာ စိတ်ဝင်စားတတ်တဲ့ ယောင်္ကျားမျိုးဟာလည်း ရှောင်သင့်တဲ့ ယောင်္ကျားမျိုးထဲမှာ ပါဝင်ပါတယ်တဲ့... ဒီလိုလူများကတော့ စကားနည်းနည်း ပြောကြည့်ရင်သိနိုင်ပါတယ်တဲ့... သူများအကြောင်းဆိုရင် နားမထောင်ချင်ဘဲ သူ့အကြောင်းကိုသာ မပြတ်ပြောလိုသူများဖြစ်ပါတယ်တဲ့... အဲဒီလိုယောင်္ကျားမျိုးနဲ့ ချစ်ကြိုက်မိတယ်ဆိုရင်တော့ အမြဲတမ်း သူ့အကြောင်းဘဲ နားထောင်နေရမှာပါတဲ့... သတိထား ရှောင်ကြဘို့တော့ လိုမယ်နော်

4. အဲဒီလို မစားနဲ့...အဲဒီလို မထိုင်နဲ့... အဲဒီလို ...အဲဒီလို...
ဒီလိုဘဲ သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်တဲ့ ကိစ္စတွေကအစ အဆက်မပြတ်ကိုဘဲ ပွစိပွစိပြောတတ်သူပါ... အဲဒီလိုလူမျိုးကတော့ တော်တော်လေးကို ရှေးဆန်ပြီး တယူသန် သမားတွေ ဖြစ်ကြပါတယ်.... ဒီလိုလူမျိုးကတော့ ကိုယ့်အယူအဆကလွဲပြီး ဘယ်သူ့ အတွေးအခေါ်ကိုမှ အသိအမှတ်ပြု လက်ခံသူများ မဟုတ်ပါဘူးတဲ့... ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ လိုအပ်တဲ့ အချက်တွေ တစ်ချက်မှ မရှိတဲ့ လူမျိုးပါဘဲ... ဒီလိုလူမျိုးကို ချစ်ဘို့လည်း နည်းနည်း စဉ်းစားဘို့တော့ လိုလိမ့်မယ်နော်....
ဒီစာကို ဖတ်မိတဲ့ အမျိုးသမီး မမများကတော့ တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီ အချက်လေးများကို သတိရပြီး စဉ်းစားဆုံးဖြတ်နိုင်ပါစေ... ဒီစာကို ဖတ်မိတဲ့ အမျိုးသားများကတော့ ကိုယ်ကိုတိုင်ဟာ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ ပါဝင်နေရင်တောင် မိမိရဲ့ အကျင့်လေးများကို ပြုပြင်နိုင်ပါစေ... ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်လည်း နောက်နောင် ဒီလို မဖြစ်အောင် ကြိုတင် ဆင်ခြင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်....

နောက်နေ့တွေမှာလည်း ဒီ့ထက် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ စာများကို ဖော်ပြပေးအုံးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါရန်....

အေဘီသွေးပိုင်ရှင်များ..  

ရေးသားသူ - XyBo

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...

မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...

ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်....

အိုသွေးပိုင်ရှင်များ  

ရေးသားသူ - XyBo

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....