သင်ဘယ်လိုချစ်တတ်လဲ  

ရေးသားသူ - XyBo

ဒီကနေ့တော့ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာ ထားတတ်တဲ့ သ၀န်တိုမှု၊ ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ မျှော်လင့်ချက်များကို သိနိုင်တဲ့ ကစားနည်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီကစားနည်းလေးကတော့ ဖြေဆိုသူဟာ ယောင်္ကျားလေး ဖြစ်တဲ့ အခါမှာတော့ ချစ်သူအပေါ်မှာ ထားတဲ့ သ၀န်တိုမှုအကြောင်းကို သိနိုင်ပြီး ဖြေဆိုသူဟာ မိန်းကလေး ဖြစ်တဲ့အခါမှာတော့ ကိုယ့်ချစ်သူအပေါ်မှာထားတတ်တဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်တဲ့ အကြောင်းများကို သိနိုင်မှာ ဖြစ်ပါတယ်။ မေးခွန်းလေးကတော့.......

အိမ်အပြန်လမ်းမှာ ပန်းခြံလေးတစ်ခုကို ဖြတ်ခဲ့ရပါတယ်။ အဲဒီ့ပန်းခြံလေးထဲမှာ ရှိတဲ့ ခုံတန်းလေး တစ်ခုမှာ စုံတွဲလေး တစ်တွဲ ထိုင်နေတာကို တွေ့ရမယ်။ သူတို့နှစ်ယောက်ကြားထဲမှာ ပစ္စည်းတစ်ခု ချထားတယ်။ အဲဒီ့ပစ္စည်းလေးဟာ ဘာလေး ဖြစ်မလဲဆိုတာကို အောက်ပါ အဖြေ ၄ခုထဲမှ စိတ်အမှန်းနဲ့ ရွေးချယ်ကြည့်ပါ။

၁. လက်ကိုင်အိတ်
၂. စာရွက်စာတန်းအိတ်
၃. လက်ဆောင်ပစ္စည်းတစ်ခု
၎. ပန်းစည်း



ရွေးပြီးမှ ဆက်ကြည့်နော်








ဖြေဆိုသူဟာ ယောင်္ကျားလေးဖြစ်တဲ့အခါမှာတော့..........

၁. လက်ကိုင်အိတ်

နံပါတ် ၁ကို ရွေးချယ်တဲ့ အမျိုးသားများကတော့ ကိုယ့်ကိုယ်ကို မိန်းကလေးတွေအမြင်မှာ ဆွဲဆောင်မှု မရှိဘူးလို့ ထင်တတ်ကျတယ်။ အခုအချိန်အထိလည်း မိန်းမနဲ့ ပတ်သက်ပြီး အတိတ်ဆိုးတွေရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ မိန်းမဆိုရင် အရမ်းကို သတိထားပြီး ဆက်ဆံတတ်ကြပါတယ်။ တော်ရုံတန်ရုံနဲ့ ကိုယ်သဘောကျတဲ့ မိန်းကလေးအနားကို မကပ်ရဲကြပါဘူးတဲ့။

၂. စာရွက်စာတန်းအိတ်

နံပါတ်၂ကို ရွေးချယ်တဲ့ သူများကတော့ မိန်းကလေးတွေကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းသူများ ဖြစ်ပေမယ့် အရမ်းကို ဇီဇာကြောင်သူများလည်းဖြစ်ပါတယ်။ မြင့်မြင့်မားမားကိုဘဲ မျှော်မှန်းတတ်ပြီး ကိုယ်လိုချင်တဲ့ မိန်းကလေးကို ခေါ်ပြီး တစ်နေနေရာကို ထွက်သွားနိုင်တဲ့ လူတွေလည်း ဖြစ်ပါတယ်။ မိန်းကလေးဘက်ကနေ ပွင့်ပွင့်လင်းလင်းနဲ့ စလာတတ်တဲ့ မိန်းကလေးမျိုးကို မနှစ်သက်ပါဘူး။ လူတစ်ယောက်ကို မကြိုက်ဘူးဆိုရင်လည်း သိသာပေါ်လွင်အောင် ဖော်ပြတတ်သူများပါတဲ့။ တခါတလေမှာတော့ စိမ်းစိမ်းကားကား ဆက်ဆံတတ်ပါတယ်တဲ့။

၃. လက်ဆောင်ပစ္စည်းတစ်ခု

နံပါတ်၃ကို ရွေးချယ်သူများကတော့ မိန်းကလေးနဲ့ ပတ်သက်ပြီး သိပ်မကောင်းလှတဲ့ အတွေ့အကြုံလေးတွေရှိလို့ နည်းနည်း အဆင်ပြေတဲ့ စုံတွဲတွေကို တွေ့ရင် သိပ်မနှစ်သက်သလိုလို၊ မနာလိုဖြစ်သလိုလို ဖြစ်တတ်ပါတယ်တဲ့။ ကိုယ့်ရဲ့ စိတ်ထားနဲ့ ကိုယ်တိုင် လုပ်နေတဲ့ အလုပ်တွေ သိပ် မကိုက်ညီရင်လည်း သိပ်ပြီး စိတ်ထဲမှာ မထားတတ်သူများလည်း ဖြစ်ပါတယ်တဲ့။

၎. ပန်းစည်း

နံပါတ်၎ကို ရွေးချယ်သူများကတော့ Romantic ဆန်ဆန် နေတတ်သူများဖြစ်ပါတယ်။ ချစ်တဲ့လူရှိတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်စိတ်ရှိသူများလည်း ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမှာ တခါတည်း ပျော့ခွေသွားတတ်သလို တစ်ဘက်သားကို အကဲမခတ်တတ်သောကြောင့် အေးအေးစက်စက်နဲ့ အကန်ခံရတာမျိုးလည်း ရှိနိုင်ပါတယ်တဲ့။

ဖြေဆိုသူဟာ မိန်းကလေးဖြစ်တဲ့အခါမှာတော့..........

၁. လက်ကိုင်အိတ်

ယောင်္ကျားတွေနဲ့ ပတ်သက်ပြီး ကြောက်စိတ်နည်းနည်းရှိသူများ ဖြစ်ပါတယ်။ သတိမရချင်တဲ့ မကောင်းတဲ့ အတိတ်ကဖြစ်ရပ်တွေရှိနေနိုင်သလို၊ အပေါ်ယံ ကြည့်ရင်တော့ ဘာမှ မဖြစ်ဘူးလို့ ထင်ရပေမယ့် စိတ်ထဲကအနာက မကျက်တာမျိုးလည်း ဖြစ်တတ်ပါတယ်တဲ့။ ရိုးသာပြီး စစ်မှန်တဲ့ လူမျိုးကိုလည်း တောင့်တနေသူများလည်းဖြစ်ပါတယ်။

၂. စာရွက်စာတန်းအိတ်

နံပါတ်၂ကို ရွေးချယ်သော မိန်းကလေးများကတော့ ချစ်သူ၊ နှစ်သက်သောသူ ရှိတယ်ဆိုရင်တောင် ယခု လက်ရှိအခြေအနေကတော့ ငွေရေးကြေးရေး၊ အလုပ်အကိုင်နဲ့ ပညာကသာ အဓိကလို့ စဉ်းစားနေသူများ ဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို အသားယူဘို့ ဘူးကျဘို့ဘဲ စဉ်းစားနေတတ်တဲ့ ယောင်္ကျားမျိုးနဲ့တော့ နီးနီးကပ်ကပ် မဆက်ဆံတာ အကောင်းဆုံးပါဘဲ။ အခုလောလောဆယ်ကတော့ သင် လုပ်ချင်တဲ့ အလုပ်တွေကို နားလည်ပေးနိုင်တဲ့သူမျိုးကို လိုအပ်ချိန်လည်း ဖြစ်ပါတယ်။

၃. လက်ဆောင်ပစ္စည်းတစ်ခု

နံပါတ် ၃ကို ရွေးချယ်သူ မိန်းကလေးများကတော့ ယောင်္ကျားတွေနဲ့ ပတ်သက်ပြီး လိုအပ်တာထက်ပိုပြီး သတိထားစိတ်တွေရှိနေတတ်ပါတယ်တဲ့။ အထူးသဖြင့် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်သော ယောင်္ကျားများကို ယုံလေ့ ယုံထ မရှိပါဘူးတဲ့။ သင်ကတော့ ယောင်္ကျားပီသပြီး မိန်းကလေးကို ဂရုတစိုက်ရှိတဲ့ ယောင်္ကျားမျိုးကို မျှော်လင့်နေတတ်သူများလည်း ဖြစ်ပါတယ်။ ဒီလို မျှော်လင့်တတ်တဲ့ အကျင့်ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ယောင်္ကျားလေးများနဲ့ တံတိုင်းခြားထားသလို ဖြစ်နေတတ်တာမို့ သတိတော့ ထားသင့်ပါတယ်။

၎. ပန်းစည်း

နံပါတ်၎ကို ရွေးချယ်သော မိန်းကလေးများကတော့ ယခုလောလောဆယ်ကတော့ သင်ဟာ အနာဂါတ် မျှော်မှန်းချက်နဲ့ အသစ်အဆန်းတွေကို စမ်းသပ်လုပ်ချင်တဲ့ စိတ်တွေနဲ့ ပြည်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ ကလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေကလည်း ရင်ထဲမှာ ရှိနေပါတယ်တဲ့။ ချစ်သူမရှိသူများကတော့ ခရီးသွားရင်းနဲ့ ကိုယ့်ရဲ့ ဖူးစာရှင်ကို တွေ့ဆုံရင်ကောင်းမှာဘဲဆိုတဲ့ မျှော်လင့်ချက်လေးများလည်း ရှိနေပါတယ်တဲ့။

ကဲ ဒီကနေ့တော့ ဒီလောက်ပဲနော်...

This entry was posted on Monday, August 11, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

6 ယောက်ပြောချင်ရာပြောသွားတယ်

Anonymous  

ko ko taw tal kwar...bal thu yay dar lal pyaw par own...

Anonymous  

ကျွန်တော်တော့ရည်းစားဘ၀တုန်းက နှစ်ယောက်အတူထိုင်ကြတဲ့အခါ ကြားမှာဘာပစ္စည်းမှမချထားတတ်လို့ (၄) ခုထဲက တစ်ခုမှမရွေးနိုင်ခဲ့ဘူးဗျာ။ :P
အဲဒီ category လေးတစ်ခုထပ်ထည့်ပေးနိုင်ရင်တော့ကိုယ်ဘယ်လိုချစ်တာလဲသိရမှာပေါ့နော..

Anonymous  

မှန်ပါတယ်။ ကျွန်မ ရွေးလိုက်တဲ့ဟာနဲ့  ဖြေထားတဲ့အဖြေဟာ ကွက်တိပဲမို့  ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်။ ဘာရွေးတယ်ဆိုတာတော့ မပြောတော့ဘူးနော်။

အင်္သချေ

ဟဲဟဲ..ကျွန်တော်ကတော့ ဖတ်ပဲဖတ်တတ်တယ်..မေ၇းတတ် ဘူး ဗျ..ကောင်းပါတယ်..အားပေးလျက်ပါ..

ရွေးလိုက်တာ..မှန်သွားပါတယ်။ မျှဝေတာ ကျေးဇူးပါ။

ရွေးချယ်လိုက်တဲ့ အဖြေနဲ့ သုံးသပ်မှုက ထပ်တူနီးပါးပဲ...
ဒီလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်... :)
ဘာရွေးလိုက်လဲ ဆိုတာတော့ ပြောမပြတော့ဘူးနော်... ရှူး... :P