ရှောင်ကျဉ်သင့်သော ယောင်္ကျားများ  

ရေးသားသူ - XyBo

ဒီကနေ့တော့ ရှောင်ကျဉ်သင့်သော ယောင်္ကျားများ အကြောင်းကိုတင်ပြပေးလိုက်ပါတယ်....

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ အချို့ချို့သော အချက်များလိုအပ်ပါတယ်... အဲဒီ အချက်တွေထဲက တစ်ချက်ကတော့ ကိုယ့်အပေါ်မှာ အရမ်းချစ်ပြီး အရမ်းနားလည်ပေးတတ်တဲ့ အဖော်မွန်နဲ့ တွေ့မိဘို့လည်း အပါအ၀င်ပါဘဲ... ပျော်စရာကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ ကိုယ့်ဘက်က ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ကိုယ့်ရဲ့ လက်တွဲဖော်က မကောင်းဘူးဆိုရင်တော့ အဲဒီ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်ပြီပေါ့... ဒါကြောင့် ဒီနေ့တော့ မိန်းကလေးတို့ ချစ်သူ ရွေးချယ်တဲ့ အခါ သတိထားသင့်တဲ့ ယောင်္ကျားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်... မိန်းကလေးများ အတွက်လို့ ဆိုပေမယ့် ယောင်္ကျားလေးများလည်း ဖတ်ရှုနိုင်တဲ့ စာဖြစ်ပါတယ်...
ကိုယ့်ချစ်သူ အတွက် တကယ် အားကိုးထိုက်တဲ့ သူတယောက် ဖြစ်အောင် ရှောင်ကျဉ်သင့်တာကို ရှောင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်

1. ငါ့ကို မယုံလို့လား
တခါတလေ မသင်ကာစရာ ကိစ္စလေးရှိလို့ နည်းနည်းမေးမိတာနဲ့ ဘာလဲ ငါ့ကို မယုံလို့လားဆိုပြီး ပြန်မေးခွန်းထုတ်တတ်တဲ့ ယောင်္ကျား အချို့ရှိပါတယ်... ချစ်သူမိန်းကလေးက ကိုယ့်ကို မယုံကြည်နိုင်လို့ မေးမြန်းနေတာကို ရှင်းပြဘို့ နေနေသာသာ ကိုယ့်ချစ်သူကို ပြန်ပြီး အော်ငေါက်ချင်တတ်တဲ့ ယောင်္ကျားမျိုး.... သူ့ကိုယုံကြည်ဘို့ကို အတင်းအကျပ်လုပ်ယူချင်တဲ့ ယောင်္ကျားမျိုးကတော့ လုံးဝ ယုံကြည်လို့ မရတဲ့ ယောင်္ကျားမျိုးထဲမှာ ပါတတ်ပါတယ်တဲ့... ဒီလိုလူမျိုးကို ယုံကြည်မိလို့ကတော့ နောက်နောင်မှာ ဒီထက်ဆိုးတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်တဲ့...

2. ချစ်သူမိန်းကလေးကို အမြဲတမ်း အားကိုးယုံကြည်တယ်လို့ပြောတတ်သူ

အချို့ယောင်္ကျားများက မိမိရဲ့ ချစ်သူမိန်းကလေးကို နင်နဲ့ တူတူရှိနေရင် စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောတတ်ကြပါတယ်... ဒီလို စကားကို အပြောခံရတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ချစ်သူဟာ သူတို့မရှိရင် မနေနိုင်သူပါလားဆိုပြီး အထင်မှတ်တတ်ပါတယ်... ဒါပေမယ့် ဒါဟာ တကယ့်ကို အထင်သတ်သတ်ပါဘဲ... လက်တွေမှာတော့ အဲဒီလို ပြောတတ်ကြတဲ့ ယောင်္ကျားများက သူတို့ အမှားလုပ်ရင်လည်း ချစ်သူဖြစ်သူက ခွင့်လွှတ်နားလည်နိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲတမ်း ကိုယ်ထင်ရာကိုသာ လုပ်တတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားများဖြစ်တတ်ပါသတဲ့... ဒီ့အပြင် သူများပြောတာကိုလည်း နားယောင်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်တတ်ပါသတဲ့... ကလေးငယ်တစ်ယောက်ကို လူကြီးဖြစ်အောင် ပြုစုပြိုးထောင်ပေးတဲ့ စိတ်နဲ့ မဟုတ်ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲတာ ကောင်းပါသတဲ့...

3. 'ငါ' စွဲကြီးသူ
ကိုယ့်ကိုကိုသာ စိတ်ဝင်စားတတ်တဲ့ ယောင်္ကျားမျိုးဟာလည်း ရှောင်သင့်တဲ့ ယောင်္ကျားမျိုးထဲမှာ ပါဝင်ပါတယ်တဲ့... ဒီလိုလူများကတော့ စကားနည်းနည်း ပြောကြည့်ရင်သိနိုင်ပါတယ်တဲ့... သူများအကြောင်းဆိုရင် နားမထောင်ချင်ဘဲ သူ့အကြောင်းကိုသာ မပြတ်ပြောလိုသူများဖြစ်ပါတယ်တဲ့... အဲဒီလိုယောင်္ကျားမျိုးနဲ့ ချစ်ကြိုက်မိတယ်ဆိုရင်တော့ အမြဲတမ်း သူ့အကြောင်းဘဲ နားထောင်နေရမှာပါတဲ့... သတိထား ရှောင်ကြဘို့တော့ လိုမယ်နော်

4. အဲဒီလို မစားနဲ့...အဲဒီလို မထိုင်နဲ့... အဲဒီလို ...အဲဒီလို...
ဒီလိုဘဲ သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်တဲ့ ကိစ္စတွေကအစ အဆက်မပြတ်ကိုဘဲ ပွစိပွစိပြောတတ်သူပါ... အဲဒီလိုလူမျိုးကတော့ တော်တော်လေးကို ရှေးဆန်ပြီး တယူသန် သမားတွေ ဖြစ်ကြပါတယ်.... ဒီလိုလူမျိုးကတော့ ကိုယ့်အယူအဆကလွဲပြီး ဘယ်သူ့ အတွေးအခေါ်ကိုမှ အသိအမှတ်ပြု လက်ခံသူများ မဟုတ်ပါဘူးတဲ့... ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ လိုအပ်တဲ့ အချက်တွေ တစ်ချက်မှ မရှိတဲ့ လူမျိုးပါဘဲ... ဒီလိုလူမျိုးကို ချစ်ဘို့လည်း နည်းနည်း စဉ်းစားဘို့တော့ လိုလိမ့်မယ်နော်....
ဒီစာကို ဖတ်မိတဲ့ အမျိုးသမီး မမများကတော့ တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီ အချက်လေးများကို သတိရပြီး စဉ်းစားဆုံးဖြတ်နိုင်ပါစေ... ဒီစာကို ဖတ်မိတဲ့ အမျိုးသားများကတော့ ကိုယ်ကိုတိုင်ဟာ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ ပါဝင်နေရင်တောင် မိမိရဲ့ အကျင့်လေးများကို ပြုပြင်နိုင်ပါစေ... ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်လည်း နောက်နောင် ဒီလို မဖြစ်အောင် ကြိုတင် ဆင်ခြင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်....

နောက်နေ့တွေမှာလည်း ဒီ့ထက် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ စာများကို ဖော်ပြပေးအုံးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါရန်....

This entry was posted on Thursday, July 03, 2008 and is filed under , . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

5 ယောက်ပြောချင်ရာပြောသွားတယ်

သတိပြုဆင်ခြင်စရာလေးတွေ ပြောပြပေးလို့ ဇူးဇူးကွာ....

ဒါနဲ့.. ကိုxyboကော အဲဒီလို ကောင်ကလေးမျိုးထဲ မပါဘူးထင်တယ်နော် မxybo... ဟုတ်စ...??? :P

၎ ချက်ရှိတာ တစ်ချက်မှမလွတ်ဘူးတဲ့ဗျာ....ဟီးဟီး(ငိုတာနော်)

Anonymous  

pha hta ma yee sar ka NO.4, du ti ya yee sar ka No.3, bar hma kg bu, d har hman hma hman , th8 th8 hman, d a choe twe g pae :D

Anonymous  

နံပါတ်(၄) ထဲမှာပါပါတယ်။ ဒါပေမယ့်ဒါဟာ မိန်းကလေးတယောက်အတွက်တော့ ဒီလိုလူမျိုးဘေးမှာရှိနေခြင်းဟာ၊ ကောင်းဖို့ဘဲများပါတယ်။ (ကိုယ်က သူပြောသလိုမနေနိုင်ရင်တော့နားညီးမှာပေါ့လေ) ရှေးရိုးရာအလေ့အထတွေထဲက ဘုရားဟောနဲ့မညီတာတွေကို စွန့်ပယ်ချင်တဲ့သူတယောက်အနေနဲ့ နံပါတ်(၄)ထဲမှာပါလို့ ရှေးရိုးဆန်တယ်လို့တော့ ကိုယ့်ဘာသာမသတ်မှတ်ဘူး။ တယူသန်တယ်ဆိုတာတော့မှန်ပါတယ်။ သိပ်ချစ်လို့သိပ်ဂရုစိုက်တဲ့သူအနေနဲ့ မသင့်တော်ဘူးထင်တာကိုတော့ မစားနဲ့..မလုပ်နဲ့..တားမိမှာပါ။ လျစ်လျူမရှုထားနိုင်ပါဘူး။

ဆာန်ဟွံညာတ်ဒုဟ် ဍုဟ်ဟွံညာတ်ဂုဏ်
တဲ့ ကြောင်သွားလား အဲဒါက မွန်စကားပုံလေးပါ ချစ်ရင်တော့ ဆိုးနေပေမဲ့ အားလုံးကောင်းတယ် မုန်းနေရင်တော့ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ တစ်ချက်မှ ကြည့်လို့မရဘူးတဲ့ စကားပုံကပြောထားတာ ...။ အဓိကကတော့ အချစ်က အရေးကြီးဆုံးပါပဲ...။မိန်ကလေးတွေအနေနဲ့ အဲဒီလိုအချက်တွေနဲ့ လွတ်တဲ့ ယောကျာ်းမှ လက်ထပ်မယ်ဆိုရင်တော့ လူသားမျိုးနွယ်ကြီး တုံးသွားဖို့ရှိတယ်...။ :))