Kim Chi  

ရေးသားသူ - XyBo



ကိုရီယားမှာ နေတယ်လို့ ဆိုရင် ပထမဆုံး မေးကြတဲ့ မေးခွန်းကတော့ ဂင်ချီ စားရမှာပေါ့နော်...ဆိုတဲ့ မေးခွန်းပါဘဲ...မှန်ပါတယ်..ကိုရီးယားရဲ့ သင်္ကေတလို့ ခေါ်နိုင်လောက်တဲ့ အစားအစာဟာ ဂင်ချီပါဘဲ...ဂင်ချီရဲ့ အရသာကတော့ ကျွန်မတို့ရဲ့ ရှမ်းချဉ်နဲ့ ခပ်ဆင်ဆင်ပါဘဲ....အစပိုင်းကတော့ သိပ် မကြိုက်မိပါဘူး...ကျွန်မကသာ မကြိုက်တာပါ....ကျွန်မရဲ့ သူငယ်ချင်း တချို့ကတော့ တော်တော်လေးကို ကြိုက်ကြပါတယ်..ကိုရီးယားတွေက ကျွန်မတို့ မြန်မာများလို အမျိုးစုံလင်တဲ့ ဟင်းများ မရှိလည်း...ဂင်ချီ တစ်ခုတည်းနှင့် စားနိုင်လောက်တဲ့အထိ ဂင်ချီကို ကြိုက်နှစ်သက်ကြပါတယ်..... ကျွန်မတို့ မြန်မာများ ငပိကြိုက်သလိုပါဘဲ....ကျွန်မတို့ မြန်မာများက ငပိကို အမျိုးမျိုး လုပ်စားကြသလို ကိုရီးယားများကလည်း ဂင်ချီကို အမျိုးမျိုး လုပ်စားကြပါတယ်..ထမင်းနဲ့ ကြော်စားသလို ရှိသလို...ဟင်းချက်စားတဲ့ အခါလည်းရှိပါတယ်..မြန်မာပြည်မှာ ကိုရီးယား ဇာတ်လမ်းတွဲများ ပေါ်လာတဲ့ အချိန်ကစပြီး ကိုရီးယားများ စားကြတဲ့ ဂင်ချီ ကို စိတ်ဝင်စားသူများ အတွက် ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်ပါတယ်..

This entry was posted on Sunday, June 29, 2008 and is filed under , . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

3 ယောက်ပြောချင်ရာပြောသွားတယ်

Anonymous  

ဇတ်ကားတွေထဲမှာ ကြည့်ဖူးထဲက စားချင်နေတာ စားကောင်းလားဗျ ။

Anonymous  

sar chin tae :D

Kimchi ကြိုက်တယ် =) ချိုချဉ်စပ်စပ်လေး ..