သွေးအမျိုးအစားများနှင့်ပတ်သတ်၍ အေသွေးပိုင်ရှင်များ ၏ထူးခြားချက်  

ရေးသားသူ - XyBo

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်

ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်... ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...

Psycho Test  

ရေးသားသူ - XyBo

Psycho Test ဆိုတာကတော့ လူတွေရဲ့ အတွေးတွေကနေပြီး သင်ဘယ်လိုလူလဲ ဆိုတာကို ခန့်မှန်းတဲ့ စမ်းသပ်ချက် တစ်ခုပါဘဲ.... ဒါတွေ အားလုံးဟာ အားလုံးမှန်တယ်လို့တော့ မဆိုနိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းလေးဖြစ်လို့ တင်ပြပေးလိုက်ပါတယ်.....

သင်ဟာ.... မျိုးစေ့လေး တစ်စေ့ကို ချစိုက်လိုက်တယ်လို့ သဘောထားပါ... အဲဒီ မျိုးစေ့လေးဟာ တစ်နေ့မှာ ပန်းပင်လေး တစ်ပင် ပေါက်လာပါတယ်....... အဲဒီ ပန်းပင်လေးဟာ အောက်ပါ ပန်းလေးမျိုး အနက် ဘယ် ပန်းပင်လေးလဲဆိုတာကို....သင်ခန့်မှန်းကြည့်ပါ............ ပြီးမှ အဖြေကို စမ်းစစ်ကြည့်ပါ.....







စဉ်းစားပြီးမှ ဆက်ကြည့်နော်..















နှင်းဆီပန်းကို ရွေးချယ်သူ.......................

နှင်းဆီပန်းကို ရွေးချယ်သူများကတော့....ကိုယ့်ရဲ့ အနာဂတ် အတွက် ရှိသမျှ အားကို ထုတ်ပြီး အစွမ်းကုန် ကြိုးစားနေကြတဲ့လူစားမျိုးတွေပါ.................အချစ်နဲ့ပတ်သက်ပြီး Romantic ဆန်တာမျိုးလေးတွေကိုမှ ကြိုက်တတ်ကြသူတွေပါ.....



စာကလေးပန်းကို ရွေးချယ်သူ.....................

စာကလေးပန်းကို ရွေးချယ်သူများကတော့.....အနာဂတ် အတွက် ကြိုးစားတဲ့ နေရာမှာ ခြေတစ်လှမ်းချင်း ရိုးသားဖြောင့်မတ်စွာနဲ့ဘဲ ကြိုးစားချင်တဲ့ သူမျိုးတွေပါ......အရာအားလုံးကို လက်တွေ့ကျကျဘဲ စဉ်းစားဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်.................



လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူ............

လေးကျွန်းကြာခိုင်ပန်းကို ရွေးချယ်သူများကတော့.......စိတ်ပိုင်းဆိုင်ရာကို အရေးပေးကြသူများ ဖြစ်ပါတယ်...အနာဂတ်ကို မျှော်မှန်းပြီး ကြိုးစားစမ်းသပ်ချင်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြပါတယ်...ထို့ပြင် လူများနဲ့ပေါင်းသင်း ဆက်ဆံရတာကိုလည်း ကြိုက်နှစ်သက်သူများဖြစ်ကြပါတယ..........



နေကြာပန်းကို ရွေးချယ်သူ...................

နေကြာပန်းကို ရွေးချယ်သူများကတော့........အမြဲတမ်း ရွှင်လန်းတက်ကြွနေပြီး သွက်သွက်လက်လက် ရှိသူများပါ....အသစ်အသစ်သော အရာတွေကို စမ်းသပ်လုပ်ချင်စိတ်တွေ အပြည့် ရှိသူများလည်း ဖြစ်ပါတယ်....စိတ်ကူးယဉ်မှုတွေကို လက်တွေ့ဖြစ်လာဘို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်.....


Kim Chi  

ရေးသားသူ - XyBo



ကိုရီယားမှာ နေတယ်လို့ ဆိုရင် ပထမဆုံး မေးကြတဲ့ မေးခွန်းကတော့ ဂင်ချီ စားရမှာပေါ့နော်...ဆိုတဲ့ မေးခွန်းပါဘဲ...မှန်ပါတယ်..ကိုရီးယားရဲ့ သင်္ကေတလို့ ခေါ်နိုင်လောက်တဲ့ အစားအစာဟာ ဂင်ချီပါဘဲ...ဂင်ချီရဲ့ အရသာကတော့ ကျွန်မတို့ရဲ့ ရှမ်းချဉ်နဲ့ ခပ်ဆင်ဆင်ပါဘဲ....အစပိုင်းကတော့ သိပ် မကြိုက်မိပါဘူး...ကျွန်မကသာ မကြိုက်တာပါ....ကျွန်မရဲ့ သူငယ်ချင်း တချို့ကတော့ တော်တော်လေးကို ကြိုက်ကြပါတယ်..ကိုရီးယားတွေက ကျွန်မတို့ မြန်မာများလို အမျိုးစုံလင်တဲ့ ဟင်းများ မရှိလည်း...ဂင်ချီ တစ်ခုတည်းနှင့် စားနိုင်လောက်တဲ့အထိ ဂင်ချီကို ကြိုက်နှစ်သက်ကြပါတယ်..... ကျွန်မတို့ မြန်မာများ ငပိကြိုက်သလိုပါဘဲ....ကျွန်မတို့ မြန်မာများက ငပိကို အမျိုးမျိုး လုပ်စားကြသလို ကိုရီးယားများကလည်း ဂင်ချီကို အမျိုးမျိုး လုပ်စားကြပါတယ်..ထမင်းနဲ့ ကြော်စားသလို ရှိသလို...ဟင်းချက်စားတဲ့ အခါလည်းရှိပါတယ်..မြန်မာပြည်မှာ ကိုရီးယား ဇာတ်လမ်းတွဲများ ပေါ်လာတဲ့ အချိန်ကစပြီး ကိုရီးယားများ စားကြတဲ့ ဂင်ချီ ကို စိတ်ဝင်စားသူများ အတွက် ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်ပါတယ်..

Korea Sakura  

ရေးသားသူ - XyBo



ဒီပန်းလေးတွေကတော့ Korea Sakura ပါ.. သူ့ရဲ့ထူးခြားချက်ကတော့ နွေဦးရာသီမှာ ပွင့်ပြီး.. ဂျပန် ဆာကူရာထက် အများကြီး ဖြူတယ်ဆိုတဲ့ အချက်ပါဘဲ... ဒီပန်းတွေ ပွင့်တဲ့ အချိန်မှာတော့ ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးဟာ.. အဖြူရောင်တွေနဲ့ လှပနေတာပေါ့... မြန်မာနိုင်ငံမှာ... ပိတောက်တွေပွင့်လို့ တစ်နိုင်ငံလုံး ရွှေဝါရောင်လွှမ်းနေသလိုပေါ့.. အလှပချင်းမတူသလို... ခံစားချက်ချင်းလည်း မတူပါဘူး... ဘယ်နိုင်ငံက ဘယ်လောက်ပဲ လှလှ ကျွန်တော် ကျွန်မတို့ရဲ့ အမိနိုင်ငံလောက်တော့မလှဘူးလို့ထင်မိပါတယ်...

Love Road  

ရေးသားသူ - XyBo



ဒီလမ်းလေးရဲ့ နာမည်ကတော့ ကဗျာဆန်ဆန် လေးပါဘဲ..LoVe RoAd.... လို့ခေါ်ပါတယ်.. ဒီလမ်းလေးကတော့... ကိုရီးယားနိုင်ငံရဲ့ တစ်ခုသော university မှာ ရှိတဲ့ လမ်းကလေးပေါ့.. ဒီလမ်း တောက်လျှောက်ကို လျှောက်သွားရင်တော့..ကြည်နူးဖွယ်ကောင်းတဲ့ ချစ်သူစုံတွဲတွေကို တွေ့နိုင်ပါတယ်... ဒီလမ်းလေးရဲ့ ဘေးဘက် တဘက်တချက်မှာတော့ ချယ်ရီပင်တွေ.. တန်းစီနေတာကို တွေ့နိုင်ပါတယ်.. နွေဦးရာသီမှာတော့.. ဒီလမ်းလေးရဲ့ အလှအပကို..ချယ်ရီပန်းတွေက ပိုပြီး တင့်တယ်စေပါတယ်.... နောက်နှစ်... နွေဦးရာသီမှာ ချယ်ရီပန်းတွေနဲ့ လှပနေတဲ့ ဒီလမ်းလေးကို.. မှတ်တမ်းတင်ပြီး တင်ပြပေးပါဦးမယ်...

Intro  

ရေးသားသူ - XyBo

လောကကြီးမှာ လူရယ်လို့ဖြစ်လာတယ်ဆိုရင်ဘဲ အမျိုးစုံလင်လှတဲ့ အဖြစ်အပျက်များနဲ့ စတင် ကြုံတွေ့လာရတော့တာပါဘဲ.. ကောင်းတဲ့ အတွေ့အကြုံတွေ ရှိသလို.. မကောင်းတဲ့ အဖြစ်အပျက်တွေလည်း တွေ့ ကြုံခဲ့ကျြမှာတော့ အသေအချာပါဘဲ...... ကိုရီးယားမှာတော့ စကားပုံ တစ်ခု ရှိတယ်...စိတ်ဆင်းရဲမှုကို မျှဝေရင် တ၀က်ဖြစ်ပြီး..စိတ်ချမ်းသာမှုကို မျှဝေရင်တော့ နှဆဖြစ်တယ်..... ဆိုတဲ့ စကားပုံပါဘဲ.. ဆိုလိုတာကတော့ စိတ်ဆင်းရဲမှုကို မျှဝေရင် နားထောင်သူပါ စိတ်ဆင်းရဲပြီး စိတ်ချမ်းသာမှုကို မျှဝေရင်တော့ လက်ရှိ စိတ်ချမ်းသာမှုထက် နှစ်ဆ ပိုပြီး စိတ်ချမ်းသာနိုင်ပါတယ် ဆိုတဲ့ သဘောပါဘဲ... ဒါကြောင့် ကျွန်တော်ကျွန်မတို့ရဲ့ ကောင်းမွန် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို... မျှဝေခံစားသွားမှာ ဖြစ်ပါတယ်... ကျွန်တော်ကျွန်မတို့ရဲ့ အတွေအကြုံများကို ဖတ်ရှုခံစားရင်း....... ပျော်ရွှင်နိုင်ကြပါစေ....

မင်္ဂလာပါ....  

ရေးသားသူ - XyBo

အားလုံး မင်္ဂလာပါ... ဒီ Blog သို့ဝင်ရောက်သူ အားလုံး စိတ်နှလုံးရွှင်လန်းကြပါစေ.... ဒီနေ့ ဒီအချိန်မှ စပြီး.... ကျွန်တော်ကျွန်မတို့ တတ်စွမ်းနိုင်သမျှသော ဗဟုသုတ များကို မျှဝေခံစား သွားမှာဖြစ်ပါတယ်...